ကယ်လီဖိုးနီးယားက တရုတ်နှစ်သစ်ကူးနေ့ ပစ်ခတ်မှုဖြစ် လူ ၁၀ဦး ထက်မနည်းသေ

အခင်းဖြစ်ပွားရာ မှာ တွေ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ
Photo Credit: AP

ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၂၂

တရုတ်နှစ်သစ်ကူးနေ့ ဇန်နဝါရီ ၂၂ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက မွန်တယ်ရီပတ်ခ်မြို့ မှာ အသက်  ၇၂ နှစ်အရွယ် ဟူးကန်ထရန် ဆိုသူရဲ့ ပစ်ခတ်မှုကြောင့် အပစ်မဲ့ လူ ၁၀ဦးထက်မနည်း သေဆုံး ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားက ပစ်ခတ်ခဲ့ပြီးနောက်   နောက်ထပ်တစ်နေရာမှာ ထပ်ပြီး ပစ်ခတ် ဖို့ကြိုးစားရာမှာတော့ အနားက လူနှစ်ယောက်က သူ့ကို လုံးထွေးဖမ်းဆီးကာ ပစ်သတ်လိုက်ရ တာဖြစ် တယ်လို့ အတည်မပြု့နိုင်သေးတဲ့ ဒေသကနဦး သတင်းတွေအရ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သေနတ်သမားဟာ စွမ်းရည်မြင့်တဲ့ မဂ္ဂဇင်းပစ္စတိုကို အသုံးပြု ပစ်ခတ်ခဲ့ တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် မူလအကြောင်းရင်းကို စုံစမ်း စစ်ဆေး သူတွေအနေနဲ့ သိရှိလိုက်ရတာမျိုးက မရှိသလောက်ကို နည်းပါးလှတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို ခုထိ ဘယ်သူဘယ်ဝါဆိုတာ မထုတ်ဖော်ရသေးပါဘူး။ အဲဒိအထဲကမှ အမျိုးသား၅ယောက်နဲ့ အမျိုးသမီး ၅ယောက်ကတော့ အသက် ၅၀နဲ့ ၆၀ကြားဆိုတာလောက်ပဲ ဖော်ထုတ်နိုင်ပါသေးတယ်။

ပစ်ခတ်ရာမှာ သုံးခဲ့တဲ့ တရားခံရဲ့ သေနတ်ဟာ တရားမဝင်လိုင်စင်မဲ့ ဖြစ်နိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါ တယ်။

ရဲတပ်ဖွဲ့ အဆိုအရ သေနတ်သမားဟာ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန်လောက်မှာပစ်ခတ်မယ့်နေရာကို ရောက်လာပြီး စတင် ပစ်ခတ်ခဲ့ပါတယ်။ နောက်  မိနစ် ၂၀ လောက်အကြာ အိမ်နီးချင်း အာဟမ်ဘရာ မြို့ကအကကလပ်မှာ ထပ်ပြီး ပစ်ခတ် ဖို့ ရောက်အလာ ဘေးက လူနှစ်ယောက်က ဝင်ပြီး ဖမ်းချုပ်ခဲ့တာလို့ ဆိုပါတယ်။

 “အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်စဉ်မှာ ထူးခြားတဲ့ သံသယရှိသူ မရှိဘူးဆိုတာကို ကျွန်တော် အတည်ပြု နိုင်ပါတယ်” လို့ တာဝန်ခံ ရဲအရာရှိက ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါ သတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကြေညာချက် ရေးသားပြီး  အမိမြေ လုံခြုံရေး အကြံပေးကို ဒေသဆိုင်ရာ အာဏာပိုင်တွေကို  အထောက်အပံ့ ပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တက္ကဆက်ပြည်နယ် ယူဘယ်လဒီ မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ သေနတ်သမားက ကျောင်းသား ၁၉ယောက် နဲ့  ဆရာနှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့၂၀၂၂ ခုနှစ် မေလနောက်ပိုင်း  ပစ်ခတ်မှု့အပြီး အခု ပစ်ခတ်မှုက အသေအ ပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားက ပစ်ခတ်တိုက်ခိုက်မှုသမိုင်းကို ပြန်ကြည့်ရင် ၁၉၈၄  ခုနှစ်က ဆန်ဒီယေဂိုမြို့နားက မက်ဒေါ် နယ် စားသောက် ဆိုင်မှာ လူ ၂၁ယောက်ကို  သေနတ်သမားက သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ကြုံခဲ့ရတာပဲ ဖြစ်ပါ တယ်။

Ref: CNA /REUTERS

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *