
ဓါတ်ပုံ။ ဖေ့စ်ဘွတ်
ရန်ကုန်၊ ဧပြီ ၁၉
ကျားသစ်မလေး ဟု နာမည်ကြီးသော ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နှင့် အီတလီလက်ဝှေ့မယ် Ester Viola တို့ ဧပြီလ ၂၂ ရက်တွင် ရောမမြို့၌ ထိုင်းရိုးရာလက်ဝှေ့(မွေထိုင်း) ကို ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
ယင်းပွဲစဉ်မှာဘရော်နီကာ၏ ၁၂ ကြိမ်မြောက် စိန်ခေါ်ပွဲဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်အဖြစ် ပထမဆုံးသော ပွဲစဉ်လည်း ဖြစ် ကြောင်း ၊ ယခုအခါ အီတလီနိုင်ငံ ရောမမြို့ကို ဧပြီလ ၁၉ ရက်ကပင် ရောက်ရှိနေပြီဖြစ်ကြောင်းယင်းက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“အီတလီသို့ ထွက်ခွာသွားပါပြီ။ ၂၂ ရက်နေ့ပွဲအတွက် စောင့်မျှော်အားပေးကြပါနော်။ ထိုးသတ်ရမယ့်အချိန် ပြန်ပြောပေးပါ့ မယ်ရှင်” ဟု ဘရော်နီကာက သူ၏လူမှုကွန်ရက် တွင် ရေးသားထားသည်။
ဘရော်နီကာသည် ၎င်း၏ ယှဉ်ပြိုင်ထိုးသတ်မှု သက်တမ်းတစ်လျှောက် ပွဲဦးထွက်ပွဲစဉ်သာ ရှုံးနိမ့် ကာ ကျန် ပွဲစဉ်များကို ဆက်တိုက် အနိုင်ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။
ယင်းအပြင် ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရရှိထားသူလည်း ဖြစ်သည်။
ဓာတ်ပုံ – Vero Nika-Facebook