ကယန်းလက်ဝှေ့မယ်ဘရော်နီကာက ထိုင်းဘုရင့်ဖလားစိန်ခေါ်ပွဲမှာ အီရန်လက်ဝှေ့မယ်ကို အနိုင်ရရှိ

ထိုင်းနိုင်ငံစမွတ်ပါကန်၊ဘန်ကကျောက်မှာ နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းက ယှဥ်ပြိုင်ခဲ့တဲ့ ထိုင်းဘုရင့်ဖလားစိန် ခေါ်ပွဲမှာ မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ်ဘရော်နီကာက အီရန်လက်ဝှေ့မယ်ကို ၃ချီထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘရော်နီကာဟာ ဒီပွဲယှဥ်ပြိုင်ဖို့၅၃ ကီလိုတန်းကနေ ၅၈ ကီလိုတန်းအထိ တက်ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲမှာ ဒူး၊တံတောင်၊လက်သီးအစရှိတဲ့ လက်ဝှေ့ထိုးကွက်ပေါင်းစုံကိုသုံးပြီး အီရန်လက်ဝှေ့မယ်ကို အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ်ဘရော်နီကာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံးရွှေခါးပတ်ဆုရှင်ဖြစ်ပြီး ထိုင်းမွေ့ထိုင်းလောကကThe Fightကလပ် ကို ၂၀၂၂ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး မွေထိုင်းပွဲစဥ်တွေမှာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီး ၅၃ကီလိုတန်းရဲ့လက်ရှိကမ္ဘာ့ချန်ပီယံလည်းဖြစ်တဲ့အပြင် ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲရဲ့ချန်ပီယံလည်းဖြစ်ပါတယ်။

အီရန်လက်ဝှေ့မယ်ကို အနိုင်ရတဲ့ပွဲစဥ်ဟာ ချန်ပီယံဆုကိုကာကွယ်ရတဲ့ ထိုင်းဘုရင့်ဖလားအကြိုဗိုလ်လုပွဲဖြစ်ပြီး အနိုင်ရခဲ့တာကြောင့် ထိုင်းဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် လာမယ့်ဒီဇင်ဘာထဲမှာ မွေထိုင်းလောကရဲ့နာမည်ကြီးလက်ဝှေ့မယ်Phayasinghaနဲ့ယှဥ်ပြိုင်ရင်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမှာလို့ သိရပါတယ်။

Photo-ThaiFight

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *