ကမ္ဘောဒီးယား SEA Games မှ မြန်မာဘောလုံးအသင်း ပွဲများ တိုက်ရိုက်ပြမည်

ရန်ကုန်၊ မေ ၁

ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံးကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games အားကစားပြိုင်ပွဲ များထဲမှ မြန်မာဘောလုံးအသင်းပွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ရုပ်သံလိုင်းများ ဖြစ်သော MRTV HD ၊ MRTV Sports ရုပ်သံလိုင်းများတွင် တိုက်ရိုက်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

တိုက်ရိုက် ရုပ်သံထုတ်လွှင့်ရာတွင် မြန်မာ U-22 ဘောလုံးအသင်း၏ အုပ်စုပွဲစဉ်များထဲမှ မေလ၂ရက် ညနေလေးနာရီ အချိန် တွင်အရှေ့တီမောအသင်းဖြင့် ယှဉ်ပြိုင်မှုကို လည်းကောင်း၊မေလ၄ရက်ညနေလေးနာရီအချိန် တွင်အင်ဒိုနီးရှား အသင်းဖြင့်ယှဉ်ပြိုင်မှုကိုလည်းကောင်း၊မေလ၇ရက်ညနေခုနှစ်နာရီအချိန် ကမ္ဘာဒီယားအသင်းဖြင့် ယှဉ်ပြိုင်မှု ကိုလည်း ကောင်း၊မေလ၁၀ရက်ညနေလေးနာရီအချိန် ဖိလစ်ပိုင်အသင်းဖြင့် ယှဉ်ပြိုင်မှုကိုလည်းကောင်း ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာU-22ဘောလုံးအသင်းအနေဖြင့် အရှေ့တီမောအသင်း၊အင်ဒိုနီးရှားအသင်း၊အိမ်ရှင် ကမ္ဘာဒီးယားအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ဖြင့် တစ်အုပ်စုတည်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ U-22ဘောလုံးအသင်းတွင် အသင်းသား၂၁ ဦး ပါဝင်ပြီး တိုက်စစ်မှုးဟိန်းထက်အောင်၊ချစ်အေး၊အောင်သီဟ၊စွမ်းထက်နှင့်ဥက္ကာနိုင်၊ရတနာပုံကလပ်ဂိုးသမားပြည့်ဖြိုးသူ၊ဧရာဝတီကလပ်ဂိုးသမားဟိန်းထက်စိုး စသည်တို့လည်း ပါဝင်ကြကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ပထမဆုံးကျင်းပမည့် SEA Games အတွင်း အားကစားအမျိုးအစား ၃၇ မျိုး ပါဝင်မည် ဖြစ် ကြောင်း ၊ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအုပ်ချုပ်ရေးအဖွဲ့ ၅၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၁၀၄ ဦး၊ အမျိုးသားအားကစားသမား ၁၉၈ ဦး၊ အမျိုးသမီး အားကစားသမား ၁၄၃ ဦးစုစုပေါင်း ၅၀၁ ဦး က အားကစားနည်း ၂၁ နည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။ MFF

Visited 72 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *