ဖနွမ်ပင်၊ ဧပြီ ၂၀
ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွန်ဆန်ရဲ့ သားအကြီးဆုံးဖြစ်သူ ဟွန်မာနက် ကို သူ့ ဖခင်ဖြစ်သူနေရာ ဆက်ခံနိုင်ဖို့ နောက်ထပ် ပြင်ဆင်မှု လက္ခဏာတစ်ခုအနေနဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ်အဆင့်အဖြစ် ဧပြီ ၂၀ ရက် ကြာသပတေးနေ့ မှာ တရားဝင်ရာထူးတိုးပေးလိုက်ပြီ ဖြစ်ပါတယ်။
ဟွန်ဆန်ကိုယ်တိုင်ကလည်း သူ့သား ဟွန်မာနက်တစ်ယောက် အနာဂတ်မှာ နိုင်ငံတော်ကို ဦးဆောင်ဖို့ရာ လူသိရှင်ကြား ထောက်ခံ တာတွေလည်း လုပ်ကိုင်ခဲ့တယ်လို့ ဒေသတွင်း ၎င်းမီဒီယာတွေက ဖော်ပြပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဟွန်မာနက်ဟာ တပ်မတော် အကြီးတန်းအရာရှိ ၁၀၀၀ ကျော် တက်ရောက်တဲ့ အခမ်းအနားနဲ့ ကြယ်လေးပွင့်အဆင့် ချီးမြှင့်တာကို ခံယူခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး တီးဘန်းကလည်း ဟွန်မာနက်ကို အခုလို ရာထူးတိုးမြှင့်လိုက်တာက နိုင်ငံ၊ တပ်မတော်နဲ့ ကမ္ဘောဒီး ယား ပြည်သူတွေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထင်ဟပ်စေတယ်လို့လည်း ပြောပါတယ်။
ဗြိတိန်နဲ့ အမေရိကန်မှာ ပညာသင်ကြားခဲ့တဲ့ ဟွန်မာနက်ဟာ အာဏာရပါတီရဲ့ အနာဂတ် ၀န်ကြီးချုပ်အဖြစ် တရားဝင် ထောက်ခံအားပေးခံရပြီး နောက်ပိုင်း ပြည်သူတွေနဲ့ ပိုထိတွေဖို့ လူမှုမီဒီယာတွေမှာ မကြာသေးခင်က စပြီး လှုပ်ရှား လာ ခဲ့တယ် လို့ သိရပါတယ်။
ဟွန်မာနက်ရဲ့ ဖခင် လက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ရာထူးက နုတ်ထွက်တော့မယ် ထွက်တော့မယ် လို့ ထပ်ခါတလဲလဲ ပြောရင်း ကမ္ဗောဒီးယားနိုင်ငံကို အုပ်ချုပ်ခဲ့တာ ၂၀၂၃ခုနှစ်မှာ ၃၈နှစ်တောင် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရွေး ကောက် ပွဲမှာလည်း ပြန်အရွေးခံဦးမယ်လို့ ပြောထားပြန်ပါတယ်။
ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ကျောခိုင်းပြီး အတိုက်အခံတွေကို တားဆီးဖို့ တရားရုံးတွေကို အသုံးပြုခဲ့တဲ့ ဝန်ကြီးချုပ် ဟာ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တရားရုံးချုပ် အမိန့် နဲ့ အဓိကအတိုက်အခံဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုး သား ကယ်တင်ရေးပါတီ (CNRP) ကို ဖျက်သိမ်းပြီးတဲ့နောက် ပြိုင်ဖက်မရှိတော့တဲ့ ဟွန်ဆန်ရဲ့ ပါတီ ကပဲ ပါလီမန်မှာ နေရာတိုင်းအနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Ref: CNA
Photo Credit :The Phnom Penh Post