ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၂၁
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နေထိုင်ရာ ဘန်ကောက်မြို့က ဘန်ချန်းဆောင်းလာ အိမ်တော်ကို ဒီနေ့ ဖေဖေါ်ဝါရီ ၂၁ရက် မှာ လာရောက် တွေ့ဆုံ နုတ်ဆက်ခဲ့ပြီး အတူတကွ ဓါတ်ပုံရိုက်ခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြည်ပနိုင်ငံမှာ ဆယ်စုနှစ်ကျော်နေခဲ့ရပြီး အခုလဖေဖေါ်ဝါရီ ၁၈ ရက် တနင်္ဂနွေနေ့ကမှ ပြစ်မှုပြစ်ဒဏ်တွေ အကုန်ကင်းရှင်းပြီး ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
ဘန်ကောက်ကလာတဲ့ သတင်းတွေမှာတော့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ထိုင်းစံတော်ချိန် မနက် ၁၀နာရီ မိနစ် ၅၀ ဝန်းကျင်လောက်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အိမ်ကို လာရောက်လည်ပတ်ခဲ့ပြီး နေလည်စာ ထမင်းအတူစားခဲ့ကြတယ်လို့ သိရပါတယ်။
နေ့လည် ၁နာရီလောက်မှာတော့. ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ကမ္ဘောဒီယားကို ပြန်ဖို့ ဒွန်မောင်းလေဆိပ်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အိမ်တော်ကို လာရောက်တဲ့ ဧည်သည်တော်ကို ရှပ်နီထောက်ခံသူတွေ၊ သတင်းထောက်တွေနဲ့ တာဝန်ရှိသူ တွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Ref: The Nation Thailand
ပုံစာ။ ကမ္ဘောဒီးယားဝန်ကြီချုပ်ဟောင် ဟွန်ဆန်(ဘယ်) နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (ညာ)တို့ တွေ့ဆုံ နေကြစဉ် ( ဘန်ကောက် ။ ၂၀၂၄၊ ဖေဖေါ်ဝါရီ ၂၁)
Feature Image credit: The Nation Thailand



