ဘေကျင်း၊ စက်တင်ဘာ ၁၅
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ စက်တင်ဘာ ၁၅ရက်ကဘေကျင်းမှာ တွေ့ဆုံခဲ့ ကြ တယ် လို့ ဘေကျင်းဘက်က အတည်ပြုသတင်းထုတ်ပြန်ပါတယ်။ ဒါဟာ သူဖခင်ကြီး ဟွန်ဆန် တည်ဆောက်ထားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ခံတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးစုနီးပါး သံလက်သီးနဲ့ အုပ်စိုးခဲ့ပြီး အခုနှစ် သြဂုတ်လမှာတော့ သားဖြစ်သူ ဟွန်မာနက်ကို ၀န်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဟွန်ဆန် အစိုးရလက်ထက်မှာ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြားကို လက်ခံ ခဲ့ပြီး အရှေ့ တောင်အာရှမှာ ဘေကျင်းရဲ့ အခိုင်မာဆုံး မဟာမိတ်နိုင်ငံဖြစ်လာခဲ့တာပါ။
တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး အတွက် သမိုင်းဝင် ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရှီကျင့်ဖျင်က စက်တင်ဘာ ၁၅ရက် သောကြာနေ့က ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကို မကြာခဏ လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဟွန်မာနက်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းပြီး လက်တွေ့ကျကျ နည်းလမ်းတွေနဲ့ မြှင့်တင်နိုင်လိမ့် မယ်ဆိုတာ ယုံကြည်တယ် လို့လည်း သမ္မတ ရှီက ပြောဆိုခဲ့ပါတယ်။
အခုဟွန်မာနက်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ သူ ဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် ပထမဆုံးပြည်ပခရီးစဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref :AFP/kg
ပုံစာအညွှန်း။ စက်တင်ဘာ ၁၅ရက်က ခေါင်းဆောင်နှစ်ယောက်တွေ့ဆုံကြစဥ်
Feature Image Credit:AP