ဖနွမ်ပင်၊ ဩဂုတ် ၂၂
ကမ္ဘောဒီးယားပါလီမန်ဟာ ဩဂုတ်လ ၂၂ရက် အင်္ဂါနေ့ မှာ ကာလရှည်အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဟွန်မနက်ကို နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ဒီနေ့မှာ ရွေးကောက် တင်မြှောက်ခဲ့ပြီး တစ်ဖက်သတ်ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းပေးကာ ဝန်ကြီးချုပ် တံဆိပ်ခပ်နှိပ် ပေးခဲ့ကြပါတယ်။
ဒီနေ့ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်အမတ် ဟင်မ်ဆရင်က ဟွန်မနတ်ကို ဝန်ကြီးချုပ် အဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ် နေရာ ငါးနေရာကလွဲပြီး ကျန်နေရာအားလုံးအနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲအတုဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချတာခံခဲ့ရပါတယ်။ အကြောင်းက သက်ဆင်ဟာ အဓိကအတိုက်အခံပါတီတွေကို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ခွင့် ပိတ်ပင်ခဲ့တဲ့ အကြောင်းရင်:က အခြေခံတယ်လို့ သိရပါတယ်.။
ရွေးကောက်ပွဲအပြီးမှာလည်း ဟွန်မာနက်က “ဒီနေ့ဟာ ကမ္ဘောဒီးယားအတွက် သမိုင်းဝင်နေ့တစ်နေ့” လို့ လွှတ်တော် အမတ်တွေကို ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရပြီး ရက်ပိုင်းအကြာမှာတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ရာထူးကဆင်းကာ သူ့သားကြီး ဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးမယ့် အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဟွန်မာနက်ရဲ့ အစိုးရသစ်ထဲမှာ သူ့ရဲ့ ဆွေမျိုးသားချင်း အများအပြားနဲ့ ဖခင်ဖြစ်သူ ဟွန်ဆန့် မဟာမိတ်တွေနဲ့သားသမီး အများအပြား ပါဝင်တယ်လို့ သိရပါတယ်။
REF: AFP
ပုံစာအညွှန်း။ သြဂုတ်လ ၂၂ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်မှာ တွေ့ရတဲ့ ၀န်ကြီးချုပ်သစ် ဟွန်မာနက်
Feature Image Credit Reuters/Cindy Liu