လူဦးရေ၁၆ဒသမ၅သန်းပဲရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ၂၀၂၃ခုနှစ် ရွေး ကောက်ပွဲကို ဇူလိုင် ၂၃ရက်မှာ ကျင်းပ တယ်။ တစ်နိုင်ငံလုံးက မဲဆန္ဒရှင်တွေ တဖွဲဖွဲသွားရောက် မဲပေးခဲ့ကြတဲ့ မဲရုံအသီး သီးကို နေ့ခင်း၃နာရီနောက်ပိုင်းမှာ ပိတ် ပြီး မဲတွေရေတွက်နေကြပြီလို့ဆိုတယ်။ ဘယ်လိုပဲရေတွက်ရေတွက် အာဏာရ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်တဲ့ပါတီ ကပဲ အနိုင်ရဖို့သေချာလျက်ရှိတယ်လို့ နောက်ဆုံးရသတင်းတွေက ဖော်ပြတယ်။
အသက် (၇၀)အရွယ် ဝန်ကြီးချုပ်ဟွန် ဆန် ရဲ့အစောပိုင်းနိုင်ငံရေးသက်တမ်း တွေမှာ ကမ္ဘာဒီးယားမှာ အာဏာရ ပါတီနဲ့အတိုက်အခံပါတီတွေ အပြိုင် အ ဆိုင် ရွေးကောက်ပွဲဝင်ခွင့်ရလို့ ပြိုင်ဆိုင် မှုမျှတခဲ့တယ်။ ဟွန်ဆန်ရဲ့ နောက်ပိုင်း သက်တမ်းတွေမှာတော့ အကန့်အသတ် မဲ့ ထပ်မံအာဏာရလိုတဲ့အတွက် အများသူ ငါအပြောလွတ်အောင် ဥပဒေဘောင်ထဲက နေ အတိုက်အခံတွေကို ရှင်းထုတ်ပစ် ခဲ့တယ်။
ဒီနောက်ဆုံးအခေါက်မှာ အတိုက်အခံ တွေကို သူရှင်းပစ်တာ ပြည်တွင်းကရော ပြည်ပကပါ ဝေဖန်ရှုတ်ချစရာ ဖြစ်နေ တယ်။ မနှစ်ကပဲ သူ့ပါတီနဲ့ အဓိက အ တိုက်အခံဖြစ်တဲ့ ကမ္ဘောဒီးယား ကယ် ဆယ်ရေးပါတီကို ဖျက်သိမ်းပစ်လိုက် တယ်။
ပြီးတော့ လက်ကျန်အတိုက်အခံ ဖယောင်းတိုင်အလင်းရောင်ပါတီကိုလည်း ၂၀၂၃ ရွေးကောက်ပွဲမဝင်နိုင်အောင် ပိတ်ပင် တားမြစ်ခဲ့ပြန်တယ်။ သူ့ပါတီနဲ့ ပုခုံးချင်း ယှဉ်လာနိုင်မယ့် အတိုက်အခံတွေ မ ကျန်တော့အောင် ဟွန်ဆန်ကြံစည်အား ထုတ်ထားတာက သိသာလွန်းနေတယ်။
၁၈ပါတီပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဒါ ပါတီစုံဒီမိုကရေစီဖြစ်တယ်လို့ ဒီ ရွေးကောက်ပွဲမတိုင်ခင်က သူပြောခဲ့ပေ မယ့် သူဦးဆောင်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီက အင်အားအကြီးဆုံးဖြစ်ပြီး ကျန် ၁၇ပါတီက အသေးအမွှားနိုင်ငံရေး အင်အားစုတွေသာ ဖြစ်တာကို တွေ့ရလိမ့် မယ်။
Ref: CNN