ကမ္ဘောဇဘဏ် ATM စက်များတွင် တစ်ရက်လျှင် ငွေကျပ် ၁၀ သိန်းထိ ထုတ်ယူနိုင်ပြီ

ကမ္ဘောဇဘဏ် ATM စက်များတွင် တစ်ရက်လျှင် ငွေကျပ် ၁၀ သိန်းထိ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ယနေ့ မေလ ၂၄ ရက်တွင် အဆိုပါ ဘဏ်က အသိပေး ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် ATM စက်မှ သုံးသိန်းထိသာ ဝန်ဆောင်ပေးနေရာမှ ၁၀ သိန်းထိ တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကမ္ဘောဇဘဏ်အနေဖြင့် Customer များငွေသားထုတ်ယူရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မေလ ၂၃ ရက် ကစတင်ပြီး ATM များ၌ ထုတ်ယူနိုင်မည့်ပမာဏကို တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။

KBZ ATM များ၌ ငွေသားထုတ်ယူရာတွင်ကမ္ဘောဇဘဏ် ပုံမှန်အကောင့်ဟောင်း MPU Debit (ATM ကတ်) မှ တစ်ရက်လျှင် ငွေသား အများဆုံး (၁၀) သိန်းကျပ်၊တစ်ပတ်လျှင် ငွေသား အများဆုံး (၂၀) သိန်းကျပ် ထိ ၊ ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့် MPU Debit (ATM ကတ်) မှတစ် ရက်လျှင် ငွေသား အများဆုံး (၁၀) သိန်းကျပ် ထိ ထုတ်ယူနိုင်မှာဖြစ်ပါတယ်”ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ၌ငွေသားထုတ်ယူရန် အသုံးပြုရသော ATM စက်များ နှောင့်နှေးမှုများ ဖြစ်ခဲ့ရကာ တဖြည်းဖြည်း ဖြင့် ကြိုတင် စာရင်းပေးသွင်း၍ ငွေသားထုတ်ယူခြင်း၊တန်းစီစနစ်ဖြင့် ငွေသားထုတ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြရာက ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်က စ၍ ATM စက် အတော်များများတွင် ငွေသား ထုတ်ယူနိုင်မှု ပြန်လည် ရှိလာခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *