ကမ္ဘောဇဘဏ်သူဌေးဦးအောင်ကိုဝင်းရဲ့ သမီးလတ် ထိမ်းမြှား လက်ထပ်

မင်္ဂလာဦးအလှူငွေ စုစုပေါင်း  ကျပ်သိန်းကိုးသောင်းကျော်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကမ္ဘောဇဘဏ်ရဲ့ နာယက ဖြစ်တဲ့ ဝဏ္ဏကျော်ထင်၊ စည်သူ၊ ပင်လုံဂုဏ်ရည်၊ သရေစည်သူ ဦးအောင်ကိုဝင်းနဲ့ သီဟသုဓမ္မသင်္ဂီ၊ သီရိသုဓမ္မသင်္ဂီ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး တို့ရဲ့ သမီးလတ်ဖြစ်တဲ့ လက်ရှိ ကမ္ဘောဇဘဏ်ရဲ့ အကြီးအကဲ နန်းခမ်းနောင့်နဲ့ နယ်သာလန်နိုင်ငံက Mr. Willemink နဲ့ Mrs Willemink ~Kleinen Traast တို့ရဲ့သားဖြစ်သူ Arno Willemink ( Chief Operating Officer , DHAN Co.,Ltd)  တို့ဟာ နှစ်ဘက် အမိအဘတွေရဲ့ သဘော တူခွင့်ပြု ချက်နဲ့အတူ နှစ်ဦးသား မေတ္တာမျှကာ လက်ထပ်ထိမ်းမြှားခဲ့ကြပါတယ်။

ဒိနောက်မှာတော့ မင်္ဂလာမောင်နှံရဲ့ သဘောဆန္ဒအရ ခန်းနားကြီးကျယ်သလောက်  ကုန်ကျစာရိတ်ကြီးမားလွန်းလှတဲ့ ဧည့်ခံ ပွဲကြီး မလုပ်ဘဲ မင်္ဂလာဆွမ်းကျွေးနေ့မှာပဲ တကယ်လိုအပ်နေတဲ့ ရန်ကုန်၊ မန္တလေး‌၊ တောင်ကြီးနဲ့ သန်လျှင် စတဲ့နေရာ တွေက ဆေးရုံ၊ဆေးခန်း၊ကျောင်း၊အသင်းအဖွဲ့ စတဲ့ နေရာတွေအတွက် လှုဒါန်းငွေ ကျပ်သိန်းပေါင်း ကိုးသောင်းတိတိကို ရေစက်ချ ပေးလှူသွားမယ်လို့ သိရပါတယ်။

အလှုမှတ်တမ်း

Visited 102 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *