ကမ္ဘာ့အပါးလွှာဆုံးမိုးမျှော်တိုက် ဖြစ်လာတဲ့ နယူး‌ယော့ခ်က Steinway Tower

မန်ဟက်တန် ( နယူးယော့ခ်)၊ ဧပြီ ၇

ကမ္ဘာ့အပါးလွှာဆုံး Steinway Tower

Skinniest Skyscraper လို့ ခေါ်တဲ့ ကမ္ဘာ့အပါးလွှာဆုံး မိုးမျှော်တိုက်ကြီးတစ်ခု အမေရိကန်နိုင်ငံ မန်ဟက်တန်ဒေသရဲ့ ကောင်းကင်ယံကို ထိုးဖေါက်တော့မယ့် ပုံစံနဲ့ ပေါ်ထွက်လာခဲ့ ပြီဖြစ်ပါတယ်။ ဒါဟာ မန်ဟက်တန်(နယူးယော့ခ်) အတွက် အထင်ကရ နေရာသစ်တစ်ခု ဖြစ်လာမှာ မလွဲဘူးလို့ ဆိုပါတယ်။

အဆိုပါ အဆောက်အဦးကို Steinway Tower လို့ အမည်ပေးထားပြီး    နယူးယော့ခ် က မန်ဟက်တန် အနောက် ၅၇လမ်း  အမှတ်၁၁၁ မှာတည်ရှိပါတယ်။ ရင်တုန်လှိုက်မောပြီး နေထိုင်လိုတဲ့သူတွေ အတွက်တော့ Steinway Tower ကတော့ အသင့် ဖြစ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

အမြင့်ပေ ၁၄၂၈ပေ ရှိပြီး အဆောက်အဦးရဲ့ အမြင့်ပေနဲ့ အနံ(အကျယ်) အချိုးအစားက ၂၄အချိုး၁ (24:1) အထိ အံ့ဖွယ် ဗိသုကာပညာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အလားတူ နယူးယော့ခ်က  ၁၇၇၆ပေ မြင့်တဲ့ One world Trade Center နဲ့ ၁၅၅၀ ပေ အမြင့်ရှိတဲ့ Central Park Tower တို့နဲ့လည်း မတိမ်းမယိမ်း မို့  ကမ္ဘာ့အပါးလွှာဆုံး အဆောက်အဦ ဖြစ်တဲ့အပြင် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ တွေထဲမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

Steinway Tower က ၈၄ထပ်ရှိပြီး Steinway Hall အပါအဝင် လူနေတိုက်ခန်း ၆၀ ပါဝင်ပါတယ်။ တာဝန်ယူ တည်ဆောက် ခဲ့ကြတာကတော့ နယူးယော့ခ် ဗိသုကာကုမ္ပဏီ SHoP  Architects  က ဒီဇိုင်းထုတ်ပြီး JDS Development၊ Property Markets Group နဲ့ Square Capital Partners တို့က ၂၀၁၃ခုနှစ်က စပြီး တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သမိုင်းဝင် နယူးယော့ခ် ကောင်းကင်ယံကို ရဲရင့်တဲ့ အဓိပ္ပါယ်တစ်ခု့ အနေနဲ့ ဂုဏ်ပြုလိုက်တဲ့ လုပ်ဆောင်ချက် လို့ ဆိုပါတယ်။

One World Trade Center (1776 feet )
Central Park Tower ( 1550 feet)

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *