တွစ်တာပိုင်ရှင် တက်စလာလျှပ်စစ် ကားထုတ်လုပ်ရေးကုမဏီအမှုဆောင် အရာရှိချုပ် အီလွန်မတ်စ်ဟာ ယခုတစ်ဖန် ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းရဲ့ထိပ်ဆုံးကို ရောက်ရှိလို့လာပြန်ပါပြီ။
တက်စလာကုမ္ပဏီရဲ့တန်ဖိုးမြင့်တက်လာပြီးတဲ့နောက်မှာ သူ့စုစုပေါင်းချမ်းသာကြွယ်ဝ မှုပမာဏဟာ ၁၉၂ဘီ လျံဒေါ်လာဖြစ်နေပြီလို့ ဘလွန်းဘာ့ခ်ကဆိုပါတယ်။
သူ့ကိုကျော်တက်သွားခဲ့တဲ့ပြင်သစ်သူဌေးအားနော့ရဲ့ဓနအင်အားဟာ ၁၈၇ဘီ လျံဒေါ်လာ ပဲရှိတယ်။ကမ္ဘာ့အချမ်းသာဆုံးတတိယနေရာမှာ အမေဇုန်တည် ထောင်သူ ဂျက ်ဖ်ဘီဇော့၊ စတုတ္ထနေရာမှာ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ် စ်တို့ကို ဘလွန်းဘာ့ဂ်စာရင်းမှာ ဖော်ပြ ထားတယ်။
အီလွန်မတ်စ်ဟာ အလုပ်လည်းကြိုးစားပြီး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာလည်း မိုက်ရူးရဲဆန်တယ်လို့ မြင်တဲ့လူတွေရှိကြပေမယ့် ကျဆုံးမသွားဘဲ ထိပ်ဆုံးကိုပြန်ရောက်လာအောင်လုပ်နိုင်တာ သူ့ပင်ကိုအစွမ်းကြောင့်ဖြစ်တယ်လို့လည်း ယူဆကြတယ်။
ထူးခြားတာက သူနဲ့ ပြင်သစ်သူဌေးအားနော့တို့နှစ်ဦးဟာ လုပ်ငန်းတွေခွဲဖြန့်ပြီးအလုပ်တွေအများကြီးလုပ်လို့ အချမ်းသာဆုံးနေရာရောက်နေတာဖြစ်တယ်လို့ တချို့က ဝေဖန်ထောက်ပြတယ်။
Ref:CNN