နယူးဒေလီ၊ မေ ၂၀
အိန္ဒိယနိုင်ငံမှာ မေ ၁၇ သောကြာနေ့က စလို့ ရွေးကောက်ပွဲအတွက် မဲကောက်ခံမှုတွေနဲ့အတူ ရွေးကောက်ပွဲရဲ့ ပထမအဆင့် အစီစဥ်ကိုစတင်လိုက်ပြီ ဖြစ်ပါတယ်။ ခုတစ်ကြိမ် ရွေးကောက်ပွဲမှာလည်း လူကြိုက်များနေဆဲ ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီပဲ ရှားရှားပါးပါး တတိယသက်တမ်း ဆက်တိုက်ရဖို့ မျှော်လင့်ချက်ရှိနေပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံရဲ့သမိုင်းဝင် အသွင်ကူးပြောင်းမှုကို ပိုမိုနက်ရှိုင်းစေတော့မှာ ဖြစ်ပါတယ်။။
လူပေါင်း ၉၆၉ သန်းခန့်ဟာ လူ့သမိုင်းမှာ အကြီးမားဆုံး ဒီမိုကရက်တစ် လေ့ကျင့်ခန်းအတွက် မဲပေးဖို့ အရည်အချင်းပြည့်မီပြီး လာမယ့် သီတင်း ခြောက်ပတ်ထဲမှာ အဆင့် ခုနစ်ဆင့်ရှိတဲ့ ရွေးကောက်ပွဲကို ဆက်ကျင်းပမှာ ဖြစ်ပြီး ကောက်ခံထားတဲ့ မဲတွေကိုတော့ ဇွန်လ ၄ ရက်နေ့မှာ စပြီး ရေတွက်မှာ ဖြစ်ပါတယ်။
မိုဒီရဲ့ အင်အားကြီး လက်ယာယိမ်း Bharatiya Janata Party (BJP) ဟာ ပါလီမန် အောက်လွှတ်တော် ဒါမှမဟုတ် Lok Sabha လို့ ခေါ်တဲ့ ပြည်သူ့လွတ်တော်မှာ မဲအပြတ်အသတ် ရဖို့ မျှော်လင့်ထားပါတယ်။
BJP အတွက် လေးနက်လှတဲ့ အနိုင်ရရှိခြင်းဟာ ဟိန္ဒူ-အမျိုးသားရေး လုပ်ငန်းစဉ်ကို ထပ်ပြီး မြှင့်တင်ဖို့ အခွင့်ရေးတစ်ရပ်ဖြစ်လာမှာ ဖြစ်သလို အာဏာရှင်စနစ်ကနေလည်း ပိုပြီး ဆုတ်ခွာသွာဖို့ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
Ref: cnn
ပုံစာ။ မဲပေးဖို့ တန်းစီနေတဲ့ ပြည်သူများ( မေ ၁၉၊ ၂၀၂၄)
Fearture Image Credit: Dibyangshu Sarkar/AFP/Getty Images



