တရုတ်နိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့မြေနက်ပိုင်း တူးဖော်လေ့လာမှုကို လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက စတင် ခဲ့ကြတယ်။ ဒါပေမယ့် တရားဝင်သတင်း မထုတ်ပြန်ဘဲ သမ္မတရှီကျင့်ဖျင်ပြောတဲ့ စကားထဲက တစ်စွန်းတစ်စသိခွင့်ရခဲ့တာ ဖြစ်တယ်။
ရေနံစွမ်းအင်နဲ့သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေအကြောင်းပြောရင်းနဲ့ကမ္ဘာ့မြေနက်ပိုင်းတူးဖော်လေ့လာရေးအကြောင်းကို ထည့်သွင်းပြောကြားခဲ့ရာက အ များသိခွင့်ရခဲ့တာပါ။
ဇွန်၆ရက်က ပေါ်ထွက်ခဲ့တဲ့ သတင်းအရ ဆိုရင် တကယ့်အမှန်အကန် မြေနက် ပိုင်းတူးဖော်လေ့လာရေးကို တရုတ်နိုင် ငံရဲ့အပူပြင်းဆုံး အနောက်မြောက်ပိုင်း ရှင်ကျိုင်းနယ် တာ့ရင်လွင်ပြင်ထဲက သဲကန္တာရရပ်ဝန်းတစ်နေရာမှာ အခုမှ စလုပ်တာဖြစ်တယ်။
၄၅၇ရက်အတွင်းမှာ ၁၁၁၀၀မီတာ အ နက်အထိရောက်အောင်တူးမယ်လို့ စီစဉ် ထားပေမယ့် အခုလက်ရှိအချိန်မှာတင်ပဲ ဆောက်လုပ်ရေးအခက်အခဲတွေကျော် ဖြတ်နေရတဲ့အကြောင်း တရုတ်အင်ဂျင်နီ ယာအကယ်ဒမီက ဆန်ကျင့်ရှန်းက ထုတ်ဖော်ပြောတယ်။
မေလထဲမှာ တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေနံကုမ္ပဏီဖြစ်တဲ့ စီနိုပက်ဟာ အဲဒီ တာ့ရင်လွင်ပြင်တစ်နေရာကို တူးဖော်ပြီး ရေနံရှာတာ မြေအောက် မီတာ ၈၅၀၀ကျော်အထိရောက်ခဲ့တယ်။
အရင် ရုရှားအနောက်တောင်ပိုင်းမှာ တူး ခဲ့တဲ့ကမ္ဘာ့အနက်ရှိုင်းဆုံးမြေနက်ပိုင်းလေ့လာမှု အဆုံးသတ်ခဲ့တဲ့ အနက်ဟာ ၁၂၂၆၂ မီတာရှိခဲ့ပါတယ်။
Ref: Xinhuanews