နယူးယောခ်၊ မေ ၁၆
နာမည်ကြီး ကမ္ဘာကျော် မျက်လှည့်ဆရာ ဒေးဗစ် ကောပါဖီးလ တစ်ယောက် အမျိုးသမီး၁၆ ယောက်အထိ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ခဲ့ဆိုတယ်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစော်ကားခံရတဲ့ အမျိုးသမီးတွေက တိုင်တန်းခဲ့လို့ အရေးယူခံရဖွယ်ရှိနေပါတယ်။
အဲဒိ အဖြစ်အပျက်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းကာလကနေ ၂၀၁၄ ခုနှစ်အထိ ဆယ်စုနှစ်များစွာကြာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒေးဗစ် ကောပါဖီးလ်ဟာ ဆယ်စုနှစ်တွေကြာ ဖြစ်ခဲ့တဲ့ လိင်ဇာတ်လမ်းတွေထဲက အမျိုးသမီး တစ်ဒါဇင်ကျော်က လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်) The Guardian သတင်းစာက ဖော်ပြပါတယ်။
အမျိုးသမီး သုံးဦးရဲ့ ထွက်ဆိုချက်အရ ကော်ပါဖီးလ်က လိင်မဆက်ဆံခင် သူတို့ကို ဆေးတစ်မျိုးသောက်ခိုင်း တယ်လို့ သိရပါတယ်။
အမေရိကန်ထုတ် ဗြိတိန်အခြေစိုက် The Guardian သတင်းစာနဲ့ ဝဘ်ဆိုဒ်က လူပေါင်း ၁၀၀ ကျော်နဲ့ စကားပြောခဲ့ပြီး ဇာတ်လမ်းကို သက်သေပြဖို့ ကြိုးစားခဲ့သလို ရဲနဲ့ တရားရုံးမှတ်တမ်းတွေကိုပါ လေ့လာခဲ့ရာမှာ ဒိအဖြစ်အပျက်တွေက ၁၉၈၀ နှောင်းပိုင်းကနေ ၂၀၂၄ခုနှစ်အထိ တိုင်အောင်လို့ တကယ် ဖြစ်ပျက်ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကော်ပါဖီးလ်ကတော့ သူ့ရှေနေကနေ တစ်ဆင့် အာလုံးကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။
Ref: BBC
ပုံစာ။ ဒေးဗစ် ကော်ပါဖီးလ် ရဲ့ စင်ပေါ် ပြကွက်တစ်ခု
Feature Image Credit: magic mail



