မြောက်ပိုင်းကြံ့ဖြူတွေကို မျိုးသုဉ်းခြင်းကနေ ကယ်တင်နိုင်ဖို့ လမ်းစလို့ သိပ္ပံပညာရှင်တွေကပြော
ကင်ညာ၊ ဇန်နဝါရီ ၂၇
IVF နည်းပညာကိုသုံးပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ကြံ့ဖြူမ တစ်ယောက်ကို သန္ဓေလောင်း ရအောင် လုပ်နိုင်ခဲ့ပြီလို့ ကင်ညာ က ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲတွေက ဇန်နဝါရီ ၂၆ရက်က ပြောဆို လိုက်ပါတယ်။
ဒီအောင်မြင်မှုဟာ ကမ္ဘာပေါ်ကနေ မျိုးတုန်းပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ဘေး ရင်ဆိုင်နေရတဲ့ မြောက်ပိုင်းကြံ့ဖြူတွေအတွက် အနာဂတ်မှာ ရှင်သန်ဖို့ လမ်းပွင့်သွားပြီလို့လည်း ပညာရှင်တွေက အားတက်နေကြတယ်လို့ သိရပါတယ်။
IVF နည်းဟာ ကြံဖြူ အဖိုနဲ့ အမရဲ့ မျိုးဥတွေကို ထုတ်ပြီး အပြင်မှာ သန္ဓေအောင်အောင် အရင် လုပ်ရပါတယ်။ သန္ဓေအောင်ပြီဆို အမရဲ့ သားအိမ်ထဲ သားလောင်းကို ပြန်ထည့်ပြီး ကိုယ်ဝန်ဆောင်စေတဲ့ နည်းပညာဖြစ်ပါတယ်။
မြောက်ပိုင်းကြံ့ဖြူတွေဟာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်ပြီး ကမ္ဘာပေါ်မှာ နောက်ဆုံး လက်ကျန်အနေနဲ့ ကင်ညာနိုင်ငံမှာ ကျက်စားနေတဲ့ နာဂျင်( ၃၀နှစ်) နဲ့ ဖာတူ( ၁၉နှစ်)ဆိုတဲ့ ကြံ့ဖြူမ နှစ်ကောင်သာ ကျန်တော့တာ ဖြစ်ပါတယ်။
အခုမျိုးအောင်သွားတဲ့ ကြံ့ဖြူမက နာဂျင်လား၊ ဖာတူလားဆိုတာကတော့ သတင်းအတိကျ ထုတ်ပြန်မထားသေးပါဘူး။
ဆူဒန်နိုင်ငံက အသက် ၄၅နှစ်အရွယ် ကြံ့ဖြူအထီး တစ်ကောက်ကလည်း ၂၀၁၈ခုနှစ်မှာ မုဆိုးတွေ လက်ချက်နဲ့ အသတ်ခံလိုက်ရပါတယ်။
လက်ရှိမှာတော့ အီတလီနဲ့ ဂျာမနီနိုင်ငံတွေမှာ နိုက်ထရိုဂျင်အရည်နဲ့ ထိန်းသိမ်း သိမ်းဆည်းထားတဲ့ မြောက်ပိုင်းကြံ့ဖြူ ၁၂ ကောင်ရဲ့ သက်ရှိဆဲလ်တွေ ရှိနေတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ဖာတူ (ဘယ်ဘက်)၊ နာဂျင် (ညာဘက်) ကို သူတို့ အစောင့်အရှောက်တွေနဲ့ တွေ့ရပုံ
Feature Image Credit: Ben Curtis/AP



