အမေရိကန်နိုင်ငံ၊မက်ဆာချူးဆက်အထွေထွေရော ဂါကုဆေးရုံမှာ ကမ္ဘာ့ပထမဆုံး ဝက်ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့သူအမျိုးသားဟာ မေလ ၁၂ ရက်နေ့က ကွယ် လွန်သွားခဲ့ပြီလို့ ဆေးရုံ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဝက်ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့သူ အသက်၆၂နှစ်အရွယ် Mr. Rick Salymanဟာ ကျောက် ကပ်ရောဂါနောက်ဆုံးအဆင့်ခံစားနေရတာကြောင့် ပြီးခဲ့တဲ့မတ်လက မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုဟာ အောင်မြင်ခဲ့ပေမယ့် ကုသမှုခံယူပြီး နှစ်လ အကြာမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
Mr. Rick Salymanဟာ ကျောက်ကပ်အစားထိုးကုသမှုခံယူမယ့် ကမ္ဘာတဝန်းက မရေမတွက်နိုင်တဲ့လူနာတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး Slaymanကို ထာဝရအမှတ်ရနေမှာလို့ ဆေးရုံကသတင်းထုတ်ပြန်ထားပါတယ်။
Visited 62 times, 1 visit(s) today



