ဝါရှင်တန်၊ နိုဝင်ဘာ၃၀
အမေရိကန် နိုင်ငံခြားရေးလောကမှာ အငြင်းပွားဖွယ်ရာ အကောင်းဆုံးသံတမန်တစ်ယောက်ဖြစ်သလို ဩဇာလည်းအရမ်း ကြီးခဲ့ တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဟင်နရီ ကစ်ဆင်ဂျာ တစ်ယောက် အမေရိကန်နိုင်ငံ ဟတ်ဖို့က သူ့နေအိမ်မှာ နိုဝင် ဘာ ၂၉ရက် ဗုဒ္ဓဟူးနေ့ က ကွယ်လွန်သွားပြီလို့ သိရပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရီပတ်ဘလစ်ကန်သမ္မတ ရစ်ချတ် နစ်ကဆင် ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး ဆယ်စုနှစ်ရဲ့ ခေတ်ပြောင်းကမ္ဘာ့ဖြစ်ရပ်အများကြီးမှာ သူပါဝင်ခဲ့တာက အထင်အရှား ဖြစ်ပါ တယ်။
လူ အတော်များများက ကစ်ဆင်ဂျာရဲ့ ထက်မြက်မှုနဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေအတွက်ကို ချီးကျူး ပြောဆို ကြပေ မယ့်လည်း အခြားတစ်ဘက်မှာတော့ သူ့ကို ကွန်မြူနစ်အာဏာရှင် ဆန့်ကျင်ရေးသမားတွေက လက်တင်အမေရိကမှာ ကွန်မြူနစ်အာဏာရှင်တွေကို ထောက်ခံအားပေးခဲ့တဲ့အတွက် စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ကြပါတယ်။
အသက် ၁၀၀ပြည့်လုအချိန်အထိ တက်ကြွလှုပ်ရှားခဲ့ပြီး အိမ်ဖြူတော် အစည်းအဝေးတွေ တက်နေခဲ့သလို ခေါင်းဆောင်မှု ပုံစံများဆိုင်ရာ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါတယ်။
ထူးခြား မှုအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အထက်လွှတ်တော် ကော်မတီ ရှေ့မှာ သက်သေခံခဲ့သလို ၂၀၂၃ခုနှစ် ခုနှစ် ဇူလိုင်လတုန်းကလည်း တရုတ်သမ္မတ ရှီ ကျင်းပင်နဲ့ပါ တွေ့ဆုံဖို့ ပေကျင်းအထိကို အံ့အားသင့်စွာ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
ဂျာမန်နွယ်ဖွား ဂျူးဒုက္ခသည်တွေအရေးကိစ္စ၊ တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာအရေးကိစ္စ သာမက အထင်ကရ ဖြစ်ခဲ့တဲ့ အမေရိကန်-ဆိုဗီယက် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲ၊ အစ္စရေးနဲ့ အာရပ် အိမ်နီးချင်းဆက်ဆံရေး တိုးချဲ့မှု၊ မြောက် ဗီယက်နမ်နဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက် စတဲ့ ကမ္ဘာ့အထင်အရှားဆုံး အရေးကိစ္စတွေကို ဆောင်ရွက်ခဲ့တဲ့ သံတမန် တစ်ယောက်လည်း ဖြစ်ပါတယ်။
၁၉၇၃ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခံခဲ့ရပေမယ့် အငြင်းပွားစရာတွေ အများကြီး ကျန်ခဲ့သလို့ နိုဘယ်ရွေး ချယ် ရေး ကော်မတီလူကြီး နှစ်ယောက်နှုတ်ထွက်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
Ref: Reuters/nh
ပုံစာ။ ၂၀၂၀ ဇန်နဝါရီ ၂၁ရက်က ဂျာမဏီိနိုင်ငံမှာ တွေ့ရတဲ့ မစ္စတာ ဟင်နရီ ကစ်ဆင်ဂျား
Feature Image Credit: REUTERS/Annegret Hilse



