ကမ္ဘာ့ကြီးရဲ့စိန်ခေါ်မှု တွေကို အမေရိကန်နဲ့ အတူ ပူးပေါင်း ဖြေရှင်းချင်တဲ့ဆန္ဒရှိနေတယ်လို့ တရုတ်သမ္မတက ထုတ်ဖော် ပြောဆို

ဘေကျင်း၊ အောက်တိုဘာ ၂၅

ကမ္ဘာကြီးပေါ်ကကွဲပြားတဲ့ စိန်ခေါ်မှုတွေကို  အမေရကန်နိုင်ငံနဲ့ အတူ ပူးပေါင်းပြီး ဖြေရှင်းလိုတဲ့ ဆန္ဒရှိနေပါ တယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်က အောက်တိုဘာ ၂၅ရက် ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ပေါင်းစည်းနိုင်ခြင်း၊အတူတကွ နည်းလမ်းတွေ ရှာတွေနိုင်ခြင်း စတာတွေက ကမ္ဘာကြီး အတွက် အရေးကြီးတယ်လို့ သမ္မတ ရှီက နယူးယောက်အခြေစိုက် အမေရိကန်-တရုတ်ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ နှစ်ပတ်လည် ညစာစားပွဲမှာ  ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု” အခြေခံမူတွေပေါ်မှာ တည် ဆောက်သင့်တယ်လို့ ရှီရဲ့ တောင်းဆိုချက်နဲ့အတူအခုသီတင်းပတ်နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ ဝါရှင်တန်ကို လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

တရုတ်ထိပ်တန်းသံတမန်ရဲ့  ခရီးစဉ်ဟာ နိုဝင်ဘာလ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးမှာ  အမေရိကန်သမ္မတ ဂျိူ’ ဘိုင်ဒန်နဲ့ တရုတ်သမ္မတရှိတို့ ဆန်ဖရန်စစ္စကိုမှာ မတွေ့ဆုံမီ အကြိုရှေ့ပြေး ခရီးစဥ် တစ်ခု လည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် အပါအဝင် အမေရိကန်ထိပ်တန်းအရာရှိတွေဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ပေကျင်းမှာ  တရုတ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပြီး လည်း ဖြစ်ပါတယ်။

“တရုတ်အကဲခတ်တွေက ဝမ်ရီ ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဖြစ်နိုင်ချေရှိတဲ့ တွေ့ဆုံပွဲအတွက် လမ်းခင်း ပေးမယ်လို့ ယုံကြည်ပေမယ့် ဘေဂျင်းရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ သူ့ရဲ့ရိုးသားမှုကို ပြသဖို့ ဝါရှင်တန်က ခိုင်မာတဲ့ အား ထုတ်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရ အာဘော်တွေ ရေးသားလေ့ရှိတဲ့ Global Times သတင်းစာက မှတ်ချက် ပြု ရေးသားခဲ့ကြောင်း လည်း သိရပါတယ်။

Ref: Reuters/rc

ပုံစာ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက် တောင်အာဖရိကနိုင်ငံ က ထိပ်သီးအစည်းအဝေး တစ်ခုမှာ တွေ့ရတဲ့  တရုတ်သမ္မတ ရှီ ကျင်းပင်

Feature Image Credit: Gianluigi Guercia/Reuters

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *