၁၃ မေ၊၂၀၂၄
ရန်ကုန်မြို့၊မရမ်းကုန်းမြိုနယ် အမှတ်(၉)ရပ်ကွက်၊ ကမ္ဘာအေးစေတီလမ်း ကမ္ဘာအေးဂမုန်းပွင့်အနီး မေလ၁၂ရက်နေ့ ညပိုင်းက ကိုယ်ပိုင်ယာဥ်တစ်စီးက လမ်းဘေး ကွမ်းယာဆိုင်ကို ဝင်ရောက်တိုက်မိခဲ့တာကြောင့်၂ဦးထိခိုက်ဒဏ်ရာရရှ်ိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဒီဖြစ်စဥ်ကြောင့် အသက်၁၅နှစ်အရွယ်လူငယ်အမျိုးသားတဦးနဲ့ အသက်၄၃နှစ်အရွယ် အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးနားဝန်းကျင်နေသူအချို့က ပြောပါတယ်။
“ဆိုးဆိုးဝါးဝါးတော့ထိခိုက်မိတာမတွေ့ရဘူး အချိန်သိပ်မပြင်းလို့ထင်တယ်။မူးဝေသွားတဲ့သူရယ် ပွန်းပဲဒဏ်ရာလောက်ပဲရတာမြင်ရတယ်”လို့မျက်မြင်တစ်ဦးက ပြောပါတယ်။
ထိခိုက်ဒါဏ်ရာရရှိခဲ့သူတွေကို မြန်မာ့ကြယ်ဖြူ အရေးပေါ်လူနာတင်ယာဥ်နဲ့မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Visited 10 times, 1 visit(s) today



