ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ဖြစ်လာတဲ့ အရှေ့တောင်အာရှ လူကုန်ကူးမှု ပြဿနာ

  • အရှေ့တောင်အာရှ လူမှောင်ခိုကူးမှု ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်လာနေပြီး ဂိုဏ်းတွေက တစ်နှစ်ကို ဒေါ်လာ ၃ ထရီလီယံအထိ ဝင်ငွေရနေတယ်လို့ နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ အင်တာပိုလ်က အတိအလင်း ပြောဆိုလိုက်ပါတယ်။

အင်တာပိုလ်ရဲ့ အဆိုအရ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတစ်ခုစီတိုင်းဟာ တစ်နှစ် တစ်နှစ် ဒေါ်လာ ၅၀ ဘီလီယံ  အထိ ရနေတဲ့အကြောင်း အင်တာပိုလ် အထွေထွေ အတွင်းရေးမှူး ဂျာဂင်စတော့က ပြောဆိုခဲ့သလို ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်တွေကနေ တစ်ဆင့် နှစ်စဉ် တရားမဝင်ငွေ ကန်ဒေါ်လာ ၂ ထရီလီယံ ကနေ ၃ ထရီလီယံအထိ စီးဆင်းနေတယ်လို့ တွက်ပြပါတယ်။  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ  ဒီပမာဏက ပြင်သစ်နိုင်ငံရဲ့ စီးပွားရေးလည်ပတ်ငွေ  ဒေါ်လာ ၃ ဒသမ ၁ ထရီလီယံတန်ဖိုးနဲ့တောင် သိပ်မကွာတော့ဘူးလို့ ဆိုပါတယ်။။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကနေ ရနေတဲ့ ငွေတွေကလည်း  ရာဇ၀တ်ဂိုဏ်းတွေ ရနေတဲ့ ဝင်ငွေရဲ့ ၄၀ရာခိုင်နူန်းကျော်ရှိနေတာကို သိရပြီး  ရာဇ၀တ်ဂိုဏ်းတွေဟာ  လူတွေ၊ လက်နက်တွေနဲ့ တရားမဝင်ပစ္စည်းတွေကို တရားမဝင် ရွှေ့ပြောင်းဖို့ အဓိက ရင်းမြစ်ဖြစ်တဲ့လူမှောင်ခိုကွန်ရက်တွေကို အသုံးပြုနေကြတယ်လို့လည်း အင်တာပိုလ်က ပြောပါတယ်။

“စီးပွားရေးပုံစံသစ်တွေက ကိုဗစ်အလွန်မှာ ခေါင်းထောင်လာပြီး အွန်လိုင်းအမည်ဝှက်တွေသုံးထားတဲ့ အဆိုပါ ရာဇ၀တ်ဂိုဏ်းတွေက  လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက စိတ်ကူးမယဉ်နိုင်လောက်တဲ့ အတိုင်းအတာအထိကို လုပ်ကိုင်နေကြပြီ လို့ ဂျာဂင် စတော့ခ်က  ၂၀၂၄ မတ်လကုန်မှာ လုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာရဲညှိနှိုင်းရေးအဖွဲ့ရဲ့ စင်ကာပူရုံးမှာ တွေ့ဆုံခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြသွားပါတယ်။

 သတင်းစာရှင်လင်းပွဲမှာပဲ “ဒီနေ့ခေတ်မှာ ဘဏ်တစ်ခု ဒါမှမဟုတ် ဘယ်သူမဆို  လူကိုယ်တိုင်လာပြီး ဓားပြတိုက်ခံရဖို့ အလားအလာ နည်းပါးသွားပြီး  ကမ္ဘာ့တစ်ဖက်ခြမ်းကနေ တစ်စုံတစ်ယောက်က  ကီးဘုတ်တစ်လုံးသုံးပြီး  လုယက်သွားတာမျိုးပဲ ခံရနိုင်တယ်”

 “အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇ၀တ်မှုခြိမ်းခြောက်မှုတွေက ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေ ပစ်မှတ် သန်းပေါင်းများစွာနဲ့အတူ  သားကောင်တွေရှာဖွေရာကနေ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု အကျပ်အတည်းဖြစ်လာပါတယ်။” လို့ ဆွေးနွေးခဲ့ကြပါတယ်။

အာရှတွင်တစ်ခွင် ဆိုက်ဘာကနေ လူကုန်ကူးမှုတွေဖြစ်ခဲ့တဲ့  ၂၀၂၁ ခုနှစ်ကစပြီးနိုင်ငံပေါင်း ၃၄ နိုင်ငံက တရားမ၀င်ရထားတဲ့ ဒေါ်လာသန်း ၃၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး  ဆက်စပ်တရားခံ ၃၅၀၀  နီးပါးဖမ်းဆီးရခဲ့တယ်လို့ အင်တာပိုလ်က ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရဲ့ သက်သေခံချက်တွေ၊ အန်ဂျီအို တွေနဲ့  မီဒီယာအစီရင်ခံချက်တွေအရလွန်ခဲ့တဲ့ သုံးနှစ်အတွင်း အရှေ့တောင်အာရှမှာ လည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေက အဆမတန် များလာပြီး အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းက လူတွေကို ပစ်မှတ်ထားပြီး ကျွန်ပြု့ခိုင်းစေခိုင်းမှုတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။

အာရှတစ်ဝှမ်းက သားကောင်တွေဟာ မကြာခဏဆိုသလို ဒေသတစ်ဝိုက်မှာ တရားဝင်အလုပ်တွေ ရမယ်ဆိုပြီး လိမ်လည်လှည့်ဖြားတာခံရပြီး နောက်ဆုံးတော့  အဓမ္မလုပ်အားပေးခိုင်းစေတာ၊ မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ အပါအဝင် ပြင်းထန်သတဲ့ညှင်းပန်းနှိပ်စက်မှုတွေပါ ရင်ဆိုင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃မှာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ လူထောင်ပေါင်းများစွာဟာ ဒေသတွင်းမှာပဲ အွန်လိုင်းကနေ လူကုန်ကူးခံနေရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာလွဲယူလိုက်တဲ့ နောက်ပိုင်း ပြည်တွင်းမှာလည်း စစ်မီးလောင်ခဲ့ရာက မြန်မာနိုင်ငံတစ်ဝှမ်း လူကုန်ကူးခံရမှုတွေ ဖြစ်ပွားခဲ့သလို ကမ္ဘောဒီးယားနဲ့ အခြားဒေသတွေသတွေမှာလည်း ခေတ်သစ်ကျွန်ပြုမှု အခြေအနေ ကိန်းဂဏန်းအရ  လူတစ်သိန်းလောက်  အထိ ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

လာအို၊ ဖိလစ်ပိုင် နဲ့ ထိုင်း စတဲ့ နိုင်ငံတွေမှာလည်း တရားမဝင် လောင်းကစားမှသည် လိမ်လည်လှည့်စားမှုတွေနဲ့ အတူ crypto လိမ်လည်မှုတွေကလည်း အွန်လိုင်းပေါ်ကနေ ရှင်သန်နေကြတယ်လို့ သိရပါတယ်။

“ဒီလိမ်လည်လှည့်ဖြားမှုလုပ်ငန်းများတွေမှာ အတင်းအကြပ်ခိုင်းစေခံရတဲ့သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်ပါစေ သူတို့ဟာသားကောင်တွေပါ။ သူတို့က ရာဇ၀တ်ကောင်တွေ မဟုတ်ပါဘူး” လို့  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  ဗောလကာ တတ်က် က သူ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လိမ်လည်တဲ့ဂိုဏ်းအဖွဲ့တွေရဲ့အဓိကအချက်အချာကျတဲ့ ဒေသကတရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ တောင်ထူထပ်သလို နယ်နိမိတ်ချင်းပါ ထိစပ်နေတဲ့ မြန်မာနိုင်ငံဖြစ်ပြီး အခုအခါ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့  နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့  ဘေဂျင်းက အပြင်းအထန် ကြိုးပမ်းနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေ ကီလိုမီတာ ၁၀၀ ခန့်အကွာမှာ ကာစီနိုဆိုပြီး  ဟန်ဆောင်ထားတဲ့ အွန်လိုင်း စင်တာကို ရဲက ဝင်ရောက်စီးနင်းခဲ့ရာမှာဖိလစ်ပိုင်၊ တရုတ်နဲ့ အခြားနိုင်ငံသား ၈၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်တွေရဲ့ ပြောပြချက်တွေကို ကိုးကားပြီး ဖိလစ်ပိုင်သတင်းအေဂျင်စီတွေက ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒိစင်တာက  ရာနဲ့ချီတဲ့ သားကောင်တွေဆီက ငွေ့ပို့လာအောင် ဆွဲဆောင်ဖို့  ချစ်သူဖြစ်လာအောင် ဟန်ဆောင်ဖန်တီးနေတဲ့ နေရာလို့ သတင်းတွေက ဆိုပါတယ်။

မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက တချို့သော အဓမ္မလုပ်သားတစ်ဦးစီတိုင်းဟာ နေ့စဉ်အွန်လိုင်းပေါ်ကနေ ဒေါ်လာ ၄၂၀၀၀ အထိ ခိုးယူဖို့ ဖိအားပေးခံရပြီး အဲ့ဒိပစ်မှတ်မပြည့်မီခဲ့ရင်  ရိုက်နှက်တာခံရတယ်လို့ ဒေသခံစုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။။

ဒီနေ့မှာဆို လိမ်လည်လှည့်ဖြားသူတွေ၊ ဂိုဏ်းတွေဟာ အချီကြီးလိမ်ဖို့ ဉာဏ်ရည်တုအေအိုင် တွေကိုပါ သုံးလာလို့ အဆင်မြင့်သည်ထက်မြင့်လာနေပါတယ်။

မကြာခင်ကလည်း ဟောင်ကောင်မှာရှိတဲ့   ကုမ္ပဏီတစ်ခုကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုတစ်ခုကို  deepfake AI နည်းပညာကိုသုံးပြီး ဒေါ်လာ ၂၅ သန်းအထိ လိမ်သွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီလို လိမ်လည်မှုတိုင်းမှာ လိမ်လည်လှည့်ဖြားသူတွေက ဘယ်နေရာမှာအခြေစိုက်ခဲ့တယ် ဒါမှမဟုတ်  လိမ်ခံလိုက်ရတဲ့ ငွေအမြောက်အမြား ကဘယ်ကို ရောက်သွားတယ်ဆိုတာကိုလည်း မသိနိုင်အောင် ပိရိတဲ့ လိမ်လည်းနည်းတွေနဲ့ လိမ်နေကြတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သေချာတာ တစ်ခုကတော့ အွန်လိုင်းလိမ်လည်မှုတွေက အာရှတစ်ခွင်ကို ခြိမ်းခြောက်နေပြီဆိုတာပဲ ဖြစ်ကြောင်းပါ။

ကိုးကား။ Gangs netting up to $3 trillion a year as Southeast Asia human trafficking becomes a global crisis, Interpol says (CNN)

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *