ကမ္ဘာပေါ်မှာ ထူးချွန်ထင်ရှားအားကျစရာအကောင်းဆုံးအမျိုးသမီး(၁၀၀)စာရင်းမှာ သရုပ်ဆောင်ခိုင်နှင်းဝေ ပါဝင်

၂၀၂၃ခုနှစ်အတွက် ဘီဘီစီက ထုတ်ပြန်ခဲ့တဲ့ နယ်ပယ်အရပ်ရပ်က ကမ္ဘာပေါ်မှာထူးချွန်ထင်ရှား လွှမ်းမိုးမှုအရှိဆုံးနဲ့အား ကျစရာအကောင်းဆုံးအမျိုးသမီး(၁၀၀)စာ ရင်းမှာ သရုပ် ဆောင်ခိုင်နှင်းဝေ ပါဝင်လာခဲ့ပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ သရုပ်ဆောင်တစ်ယောက်အ ဖြစ် လူသိများထင်ရှားခဲ့တဲ့အပြင် ၂၀၁၄ခုနှစ်မှာ ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကို ဖွဲ့စည်းထူထောင်ပြီး မိဘမဲ့ကလေးများကိုပြုစုစောင့်ရှောက်ရင်း ပရဟိတအလုပ် များကို တစိုက်မတ် မတ်ဆောင်ရွက်နေတဲ့အပြင် က လေးသူငယ်လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာသံတမန်အဖြစ်လည်း ဆက် လက်ထမ်းဆောင်နေပါတယ်။

ဘီဘီစီက ထုတ်ပြန်ခဲ့တဲ့ နယ်ပယ်အရပ်ရပ်က ကမ္ဘာပေါ်မှာထူးချွန်ထင်ရှား လွှမ်းမိုးမှုအရှိဆုံးနဲ့အား ကျစရာအကောင်းဆုံးအမျိုးသမီး(၁၀၀)စာရင်းမှာ လူ့အခွင့်အ ရေးရှေ့နေ အမယ်လ် ကလူနီ(Amal Clooney)၊ ဟောလိဝုဒ် ငွေကြယ်ပွင့် အမေရိကား ဖရဲရာ(America Ferrera)၊ အမျိုးသမီးအရေးဆောင်ရွက်သူ ဂလိုရီယာ စတိုင်နန်(Gloria Steinem)၊ အမေရိကန်သမ္မတ က တော်ဟောင်း မီရှဲလ် အိုဘားမား(Michelle Obama)၊ အလှကုန်စီးပွားရေးလုပ်ငန်းရှင် ဟူဒါ ခထန်(Huda Kattam)နဲ့ ဘလွန်ဒေါ ရွှေဘောလုံးဆုရင် ကစားသမား အိုက်တာနာ ဘွန်မာတီ(Aitana Bonmatí)တို့လည်း ပါဝင်ခဲ့ပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *