ကမ္ဘာတစ်လွှား အံ့ဖွယ်အလှူရှင်ကြီးများ

လူ့သမိုင်းတစ်လျောက် အရေးပါလှတဲ့ မြို့ပြတည်ထောင် အခြေကျကျ နေထိုင်တဲ့ လူဘောင်ယဉ်ကျေးမှု ပုံစံအသစ်တစ်ခုကို စတင်တည်ထောင်ပြီး မီဆိုပိုတေးမီးယားတောင်ပိုင်း ဒေသမှာ အခြေချခဲ့တဲ့ ဆူမားရီးယန်းလူသားမျိုးနွယ်တွေက လွန်ခဲ့တဲ့ နှစ်၉၀၀၀ကျော်ကာလလောက်ကတည်းက ပရဟိတဆန်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဆိုပါတယ်။

ပရဟိတဆိုရာမှာလည်း လူတစ်ကိုယ်က မိမိခွန်အား၊ ဉာဏ်အားကို အကျိုးအမြတ်တစ်စုံတစ်ရာ မယူဘဲ ကျေကျေနပ်နပ် ကူညီလုပ်ကိုင်ပေးတာမျိုး ဒါမှ မဟုတ် မိမိ ရှာဖွေစုဆောင်းထားတဲ့ ငွေကြေး၊ အသုံးအဆောင်ပစ္စည်းများ စတာတွေကို ဘာအကျိုး မျှော်လင့်ချက်မှ မထားဘဲ   လိုအပ်တဲ့ နေရာတွေမှာ ရက်ရက်ရောရော ပျှော်ပျှော်ရွှင်ရွှင်နဲ့ ပေးကမ်းလှုဌါန်းလိုက်တာမျိုးကိုသာ နတ်လူသာဓု ခေါ်ကြတာ  ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ဆိုသလို အံဖွယ်အလှုရှင်ကြီးတွေ ကမ္ဘာအနှံ့ပေါ်ထွက်နေဆဲ၊ မငြီးမငြူစတမ်း လှုဌါန်းပေးကမ်နေဆဲ လည်းဖြစ်ပါတယ်။ လုပ်အားတတ်နိုင်သူက လုပ်အားလှုသလို ဓနအားနိုင်သူတွေကလည်း ဓန စသည်ဖြင့်ပေါ့။  ငွေကြေးစိုက်ထုတ်ပံ့ပိုးနိုင်သူအများစုနေရာမှာတော့ သူဌေးကြီးတွေက ထိပ်ဆုံးက ရှိနေတတ်တာ ပုံမှန်ပါ။ များများရှိ များများလှုဆိုသလို မှင်တက်အားကျစရာ  ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာဘီလျံနာတွေဘယ်လောက်ရှိလဲ။ သုတေသနပြုချက်တွေအရ  ၂၀၂၁ အတွင်း ကမ္ဘာပေါ်မှာ အမေရိကန်ဒေါ်လာတွေ သန်းထောင်ချီပြီးချမ်းသာတဲ့ လီလျံနာသူဌေးကြီးတွေ ၂၇၀၀ ကျော်ရှိနေပြီလို့ အမေရိကန်အခြေစိုက် ဩဇာကြီးမားလှတဲ့ forbes magazine ကဖော်ပြပါတယ်။ ဒီလို ဘီလျံနာတွေ ထောင်ချီပြီး ရှိနေပေမယ့် သန်းထောင်ချီပြီးလှုတဲ့ အလှုရှင်ဘီလျံနာသူဌေးအရေအတွက်ဆိုတာကတော့ အင်မတန်နည်းပါးလှပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ တွေမှာ ဘီလျံနာသူဌေးကြီးတွ ရှိနေပါတယ်။ ဆက်လက်ဖော်ပြပေးမှာကတော့ ဆယ်စုနှစ်တွေရဲ့ အံဖွယ် အလှုရှင်ကြီးတွေရဲ့ အကြောင်းဖြစ်ပါတယ်။ ဘယ်သူက ဘယ်လောက်လှုခဲ့ပြီးပြီလည်း၊ ဘယ်နေရာတွေအတွက် လှုတာလည်း ဒီအချက်နှစ်ချက်ကိုပဲ အဓိက ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကိုးကား။ 2021 EdelGive Hurun Philanthropists of the Centur

 (EdelGive Foundation, Email ID: edelgive@edelgive.org)

 By Nicolas k

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *