ကမ္ဘာကြီးရဲ့  ၂၀၂၃ ဒိုင်ယာရီ

၁။ဒီမိုကရေစီ

photo Credit: Archievers IAS Acedemy

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ဆုတ်ယုတ်မှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့တယ်။ အကောင်းမြင်သူတွေကတော့ ကမ္ဘာလုံးဆိုင် ရာ ဒီမိုကရေစီ ချဲ့ထွင်မှု စတုတ္ထလှိုင်းလာမယ်လို့ ခန့်မှန်းနေကြတယ်။

အာဖရိကနိုင်ငံတွေမှာ အာဏာသိမ်းမှု ကပ်ရောဂါက ဆက်ရှိနေတယ်။

ဒေါ်နယ် ထရန့်မ် က သူ့ပြိုင်ဘက်တွေကို “လူဆိုး” လို့ ခေါပြီး အိမ်ဖြူတော်ကို ပြန်ရရင် သူက “တစ်ရက်တည်း” ကလွဲလို့ အာဏာရှင်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

ခြုံပြောရရင် ဒီမိုကရေစီအတွက် ကောင်းတဲ့နှစ်မဟုတ်ဘူးလို့ ဆိုရမယ်။

၂။ အာကာသလုပွဲ

Photo Credit: The Week

အာကာသမှာ ကြီးမားတဲ့ အလောင်းအစားတွေလုပ်ခဲ့ကြတယ်။ နိုင်ငံပေါင်း ခုနစ်ဆယ့်ခုနစ်နိုင်ငံမှာ အာကာသအေဂျင်စီတွေ ရှိနေတယ်။ နိုင်ငံပေါင်း ဆယ့်ခြောက်နိုင်ငံကအာကာသထဲ ‌ခြေလှမ်းနိုင်နေကြပြီ ဖြစ်တယ်။

လကို ပိုစိတ်ဝင်စားခဲ့ကြတယ်။ ရုရှားရဲ့ လကမ္ဘာတင်ဖို့  ကြိုးပမ်းအားထုတ်မှုက သြဂုတ်လထဲမှာ  လမျက်နှာပြင်ပေါ်ကို ဆင်းသက် နိုင်ခဲ့ပေမယ့် စိတ်ပျက်စဖွယ်  ရလဒ်ကောင်းမရဘဲအဆုံးသတ်သွားခဲ့တယ်။ ရက်သိပ်မကြာလိုက်ဘူး အိန္ဒိယဟာ လပေါ်ကို  မောင်းသူမဲ့ယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာတယ်။

အမေရိကန်ပြည်ထောင်စုကလည်း NASA မှာ လကမ္ဘာအစီအစဉ် သစ်တွေ ဆွဲထားပြီး အာကာသယာဉ်မှူး တွေကို ၂၀၂၅ ခုနှစ်မှာ လကမ္ဘာပြန်ပို့ဖို့  ရည်ရွယ်ထားကြောင်းပြောခဲ့တယ်။

ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ကြောင့် အာကာသကို စစ်ရေးအရ အသုံးချကြတော့မှာလားဆိုတဲ့ မေးခွန်း တွေ ပေါ်လာ ခဲ့တယ်။

၃။ လူစွမ်းအားနဲ့ လူဦးရေ ပေါက်ကွဲမှု

Photo Credit: Current Affairs

အိန္ဒိယက တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး ၁ဒသမ ၄၃ ဘီလျံနဲ့  ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာတယ်။  အိန္ဒိယဟာ လာမယ့် ဆယ်စုနှစ်တွေအထိ လူဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေနိုင်ဖွယ်ရှိတယ်။ တရုတ်နိုင်ငံကတော့  လူဦးရေ ကျုံ့သွားပြီး အသက်အရွယ်ကြီးရင့်သူတွေ တိုးလာတယ်။

လူဦးရေစာရင်းက ကံကြမ္မာမဟုတ်ပေမယ့်လည်း၊   ငယ်ရွယ်တဲ့ လူဦးရေ တိုးပွားလာတာက တက်ကြွတဲ့ လုပ်သား အင်အားတွေ ရနိုင်ပြီး  ရလဒ်အနေနဲ့  မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ခံစားကြရမှာ ဖြစ်တယ်။

၄။ ဆူဒန်အာဏာလုပွဲ

photo Credit: News Week

၂၀၂၃ မှာ ဆူဒန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံပုံစံ စတင်ခဲ့တယ်။ ဆူဒန်ဟာ ပြည်တွင်းစစ်ဖြစ်မယ့်အစား ၂၀၁၉မှာ အာဏာရှင် သမ္မတ အယ်လ် ဘာရှားကို စစ်တပ်က ဖြုတ်ချခဲ့တယ်။

စစ်အာဏာရှင်အသစ်က အရပ်သားအုပ်စုတွေနဲ့  အာဏာခွဲဝေကာ ရွေးကောက်ပွဲအတွက် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ  ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) အကြီးအကဲ အက်ဘ်ဒယ် ဖာတာ ‌အယ် ဘာဟန် နဲ့  Rapid Support Forces (RSF) ပြည်သူ့စစ်ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် တို့ရဲ့ အာဏာ အဝေ မတဲ့မှုက ဆူဒန်ကို စစ်မီးတောက်စေခဲ့တယ်။

၂၀၂၃ ခုနှစ် ဧပြီလ၁၅ ရက်နေ့မှာ  RSF တပ်ဖွဲ့တွေက  နိုင်ငံတစ်ဝှမ်းက  SAF အခြေစိုက်စခန်းတွေကို တိုက်ခိုက် ခဲ့တယ်။အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ ကြိုးပမ်းတာတွေ လုံးဝမရှိတော့ပါ။ ဆောင်းဦးရာသီမှာ RSF ဟာ ဆူဒန်နိုင်ငံမြို့တော် ခါတွန်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားပြီး SAF ကတော့ နိုင်ငံရဲ့ အဓိကဆိပ်ကမ်း ဖြစ်တဲ့  Port Sudan ကို ထိန်းချုပ် ထားတယ်။

တိုက်ပွဲတွေကြောင့် လူ ၁၀,၀၀၀ ကျော် သေဆုံးပြီး ၅ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဒါဟာ ဆူဒန်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး  ဖြစ်တယ်။

၅။ လူပြောများတဲ့ AI

photo Credit: EU

Artificial Intelligence (AI)  လို့ခေါ်တဲ့ ဥာဏ်ရည်တု နည်းပညာက ၂၀၂၃ ထဲမှာ လူတွေကို ခြိမ်းခြောက်မှု အတော်လုပ် ခဲ့တယ်။ ChatGPT ထွက်ပေါ်လာချိန် AI ဟာ လူတွေကြားထဲ ရောက်လာတယ်။

 ChatGPT ရဲ့  နောက်ဆုံးဗားရှင်းက အရင်မျိုးဆက်တွေထက် ဆယ်ဆ ပိုအဆင့်မြင့်လာတယ်။ အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ  သူရဲ့ အလားအလာကို  အလျှင်အမြန် အသုံးချခဲ့ကြတယ်။

 အဆိုးမြင်သမားတွေက လူတွေ အလုပ်လက်မဲ့ဖြစ်နိုင်သလို ရှိရင်းစွဲလူမှုမညီမျှမှုတွေကို ခိုင်မာစေလိမ့်မယ် ဒါ့အပြင် လူသားမျိုးနွယ်ကို မျိုးသုဉ်းခြင်း ဖြစ်စေနိုင်တယ် ဆိုပြီး အသံတွေ ပစ်နေကြတယ်။

၆။ တရုတ်သူလျှိမီးပုံးပျံ

Photo Credit: ABC NEWS

၂၀၂၂ကုန်အထိ အမေရိကန်-တရုတ် တင်းမာမှုတွေ ဆက်ပြီးဆူညံပွက်လောထနေတယ်။

၂၀၂၃ ခုနှစ်ထဲရောက်တော့ အမေရိကန်-တရုတ် တင်းမာမှုတွေ အတော်အတန်စလျှော့ပါးသွားတယ်။

နိုဝင်ဘာလထဲမှာ  ဂျိုးဘိုင်ဒင်နဲ့  ရှီကျင့်ဖျင်တို့ ဘာလီမှာ လုပ်တဲ့  G-20 ထိပ်သီးအစည်းအဝေးမှာ  နှစ်ဘက် အကျိုးဖြစ် ထွန်းစေလောက်တဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က  နှစ်နိုင်ငံ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှု တင်းမာလာတာနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်ရှိခဲ့တယ်။

တရုတ်ရဲ့ သူလျှိမီးပုံးပျံတစ်ခု အမေရိကန်ပြည်ထောင်စုထဲမှာ ပေါ်လာတယ်။ တောင်ကယ်ရိုလိုင်းနား ကမ်းရိုး တန်းမှာ အမေရိကန်လေတပ် F-22 Raptor က ပစ်မချခင် အချိန်တစ်ပတ်လောက်အထိ နိုင်ငံအနှံ့ လွှင့်နေခဲ့တယ်။

ဘေဂျင်းကတော့ မိုးလေဝသ မီးပုံးပျံလို့ ပြောပေမယ့် ဘလင်းကင်ရဲ့  ဘေကျင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်။

ဘိုင်ဒန်နဲ့ ရှီတို့ ဆန်ဖရန်စစ္စကို မှာ ကျင်းပတဲ့ ၂၀၂၃ နိုဝင်ဘာ  APEC ခေါင်းဆောင်တွေရဲ့ ဖိုရမ်မှာတွေ့ခဲ့ကြ ပေမယ့် ကြီးကြီးမားမား အောင်မြင်မှုတွေ မရခဲ့ပါဘူး။

၇။ ယူကရိန်းစစ်ပွဲ

Photo Credit: Alalantic Council

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ယူကရိန်းအရှေ့ပိုင်းနဲ့ ခရိုင်းမီးယားကို ရုရှားက ချုပ်ကိုင်ထားတာကို ချိုးဖျက်နိုင်တာကြောင့် ၂၀၂၃ အစောပိုင်းမှာ မျှော်လင့်ချက်တွေ မြင့်မားခဲ့ပါတယ်။

နိုဝင်ဘာလအစောပိုင်းမှာ ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီးက တိုက်ပွဲတွေက “ရှေ့မတိုးနောက်မဆုတ်သာ” အနေအထားလို့ ပြောခဲ့တယ်။

သံတမန်ရေးအရ စကားပြောဆိုမှုတွေက ယူကရိန်းကို ဆက်ထိန်းနိုင်မလား၊ အောင်နိုင်မလား။

ရုရှားက ၂၀၂၃ ဆောင်းဦးမှာ  ယူကရိန်းစစ်ပွဲအတွက် တပ်ဖွဲ့ဝင်ဦးရေ နှစ်ဆတိုးလိုက်တယ်။

အထူးသဖြင့် လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယူကရိန်းနဲ့ ဆက်ဆံရေးဖြတ် တောက်ချင် နေတဲ့ သမ္မတတစ်ယောက်ယောက် တက်လာခဲ့ရင် ယူကရိန်းအခြေနေ ဘယ်အထိ ဖြစ်သွားနိုင် လည်း  မေးခွန်းတွေ ထုတ်နေကြ တယ်။

၈။ ဂါဇာစစ်ပွဲ

photo Credit: ABC NEWS

ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်တယ်။ တကယ်တော့ အရှေ့အလယ်ပိုင်းဒေသဟာ ၂၀၂၃ ခုနှစ် စက်တင် ဘာလနှောင်းပိုင်းလောက်အထိ  အလားအလာကောင်းနေခဲ့တယ်။ Abraham သဘောတူညီချက်တွေက  အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့တယ်။

ဆော်ဒီအာရေဗျဟာ မကြာခင် အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်နိုင်လိမ့်မယ် ဆိုပြီး ထင်ကြေးပေးမှု တွေ များခဲ့ တယ်။

နောက်တော့ အစ္စရေးကို ဟားမတ်စ်တွေက ဝင်တိုက်၊အစ္စရေး ၂၄၀ လောက်ကို ဓားစာခံအဖြစ်ဖမ်း စတာတွေ လုပ်ခဲ့တယ်။

ဒိနောက်တော့ အစ္စရေးက ဟားမတ်စ်တွေရှိတဲ့ ဂါဇာကို ပြင်းပြင်းထန်ထန်လေကြောင်း ထိုးစစ်ဆင်တယ်။ ပြီးတဲ့အခါ မြေပြင်ထိုးစစ်ကို အလုံးအရင်းနဲ့ စတင်ခဲ့တယ်။

 အမေရိကန်က အစ္စရေးဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး စစ်ရေးအကူအညီတွေပါ ပေးခဲ့တယ်။

ဂျိုးဘိုင်ဒင်ကလည်း  အစ္စရေးရဲ့ လက်တုံ့ပြန်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်။

ပါလက်စတိုင်တွေဘက်က ကလေ၊လူကြီး ထောင်နဲ့ချီ သေကျေပျက်စီးခဲ့ရပြီး ဖြစ်သလို ဂါဇာဒေသ တော်တော်များများက မြေပေါ်ကို ပြိုကျ ပျက်စီးသွားပြီ ဖြစ်တယ်။

ပဋိပက္ခတွေ ဘယ်လိုအဆုံးသတ်ပြီး  ဘယ်လို နောက်ဆက်တွဲဖြစ်လာမလဲဆိုတာကတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါ တယ်။

၉။ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ရာသီဥတု

Photo Credit: Caribbean news

ကမ္ဘာလုံးဆိုင်ရာ အပူချိန်တွေက တိုးသည်ထက် တိုးလာနေတယ်။

၂၀၂၃ဟာ  အပူဆုံးနှစ်ဖြစ်ဖို့ ရှိနေတယ်။ နှစ်ပေါင်း ရာကျော်အတွင်းကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ဒီနေ့ကာလမှာ အမြင့်ဆုံး အထိရောက်လာခဲ့တယ်။

ရလဒ်ကတော့ သမိုင်းဝင်မယ့်  တောမီးကြီးတွေ၊ ပြင်းထန်တဲ့ မိုးခေါင်ခြင်းတွေ သာမက ရေကြီးရေလျှံမှု မှတ်တမ်းသစ်တွေ အထိ ကမ္ဘာတစ်ဝှမ်းလုံး  ဆိုးရွားတဲ့ ရာသီဥတု တွေ ဖြစ်လာခဲ့တယ်။

အပူချိန်တိုးစေတဲ့ ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုနဲ့  ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ ဆက်ပြီးမြင့်တက်နေတဲ့ ပြသနာတွေ ၊ ကာဗွန်ထုတ် လွှတ်မှု လျှောချရေး ပြသနာတွေ စတာစတာတွေကို ကမ္ဘာနိုင်ငံတွေ ခဏခဏ ခေါင်းခြင်းဆိုင် ဆွေးနွေး နေကြပေမယ့် ဘာရလဒ်ကောင်းမှ ဒီနေထိ ရလာတာမတွေ့ရဘူး။

ဒီတော့ ကမ္ဘာကြီး ပိုပူလာဦးမှာ မလွဲပါဘူး။

James M. Lindsay ရေးသားတဲ့ “ The Most Significant World Events in 2023” ကို ဆီလျှော်အောင် မြန်မာပြန်ဆိုထားတာ ဖြစ်ပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *