ကမ္ဘာကျော်Coldplayဂီတအဖွဲ့ ဖျော်ဖြေပွဲကို ဒေသခံ  အင်ဒိုနီးရှားမွတ်ဆလင် LGBT ဆန့်ကျင်ရေးအဖွဲ့တွေက ကန့်ကွက်

ဂျာကာတာ၊ နိုဝင်ဘာ ၁၆

မွတ်ဆလင် LGBT ဆန့်ကျင်ရေးအဖွဲ့တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာပထမဆုံး လာပြီး ဖျော်ဖြေတဲ့ ကမ္ဘာကျော်Coldplay ဂီတအဖွဲ့ရဲ့  ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၅ရက် ဗုဒ္ဓဟူးနေ့က  ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အစ္စလမ်ဘာသာဝင် အများအပြားက အခုနှစ်ထဲမှာ မွတ်ဆလင်အများစု နေတဲ့  အင်ဒိုနီးရှားမှာ လာဖျော်ဖြေတဲ့ ဗြိတိန် တီးဝိုင်းColdplay ရဲ့ တစ်ခုတည်းသော ဖျော်ဖြေပွဲကို ဖျက်သိမ်းပေးဖို့  တောင်းဆိုးနေပါတာပဲ ဖြစ်ပါတယ်

အကြောင်းက Coldplayရော့ခ်အဖွဲ့ရဲ့ LGBT တွေအပေါ်ထားတဲ့  အပေါင်းလက္ခဏာဆောင်တဲ့ အကောင်းမြင် အယူအဆ တွေကြောင့် ရှေးရိုးစွဲ မွတ်စလင်တွေက ပွဲကိုဖျက်သိမ်းလိုက်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မြို့တော်ဂျာကာတာ က Gelora Bung Karno အားကစားကွင်းထဲက  အဲ့ဒိစတိတ်ရှိုးပွဲလက်မှတ်တွေကို မကြာခင်က စ ရောင်းခဲ့တာ ဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ  လက်မှတ် ၇၀,၀၀၀ ကျော် ရောင်းချခဲ့ရပါတယ်။

ဖျော်ဖြေပွဲကျင်းပတဲ့  အားကစားကွင်းရဲ့အပြင်ဘက်မှာ  ရှေးရိုးစွဲမွတ်စလင် ၃၀၀ ထက်မနည်းက ဖျော်ဖြေပွဲကို  ဆန့်ကျင်တဲ့  နဖူးစည်းတွေ နဲ့  စုရုံးဆန္ဒပြခဲ့တယ်လို့  AFP သတင်းထောက်က ပြောပါတယ်။

သူတို့ အထဲက အများစုဟာ “LGBT ဆန့်ကျင်ရေး လှုပ်ရှားမှု” အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ခဲ့ကြတယ်လို့ ဆိုပါတယ်။

 ဆန္ဒပြသူတွေက Coldplay အဖွဲ့ဟာ  “LGBT ဝါဒဖြန့်ခြင်း” နဲ့  နိုင်ငံရဲ့ “ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရား” ကို ထိခိုက်စေတယ် ဆိုပြီး  စွပ်စွဲရေးသားထားတဲ့ စာတွေ ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။

Ref: AFP/lk

ပုံစာ။ Coldplay ကို ကန့်ကွက်နေသူများ

Feature Image Credit: NEWS10 ABC

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *