ကမ္ဘာကျော် ရိုးလင်းစတုန်းအဖွဲ့ ၁၈နှစ်အတွင်း ပထမဆုံး အယ်လဘမ်အသစ်ထုတ်

  • လေဒီဂါဂါ လည်း  ပါဝင်အားဖြည့်ထား
မက်ဂျက်ကာ နဲ့ တူ ဖျော်ဖြေနေတဲ့ လေဒီဂါဂါ
photo Credit: Getty Images

နယူးယောခ့်၊ အောက်တိုဘာ ၂၁

သက်တမ်းရှည်ကြာအောင်မြင်မှုကို ထိန်းထားခဲ့တဲ့ ရိုးလင်းစတုန်းဂီတအဖွဲက “ Hackney Diamond” လို့ နာမည် ပေးထား တဲ့ တေးအဘ်လဘမ်အသစ်တစ်ခု  အောက်တိုဘာ ၁၉ရက်နေ့က နယူးယောခ့်မှာ မိတ်ဆက်ပွဲ လုပ်ပြီး ဖြန့်ချိလိုက်ပါတယ်။

ဒီအယ်လဘမ်ဟာ သူတို့ အဖွဲ့အတွက် ပြီးခဲ့တဲ့ ၁၈နှစ် ထဲမှာ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အယ်လဘမ်လည်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒီအယ်လဘမ်မှာ လေဒီဂါဂါကပါ ဝင်ပြီး ဧည့်သည်အဆိုတော်အနေနဲ့ ဝင်ပြီး အားဖြည့် ထားတယ် လို့ လည်း သိရပါတယ်။

Rock ‘n’ roll ဘုရင်တွေလို့ တင်စားခေါ်ခံရတဲ့ ရိုးလင်းစတုန်း အဖွဲဟာ အခုဆိုရင်  သူတို့ရဲ့ ဂီတသက်တမ်းရဲ့ သတ္တမ ဆယ်စုနှစ်ကို ဆဘ်စုနှစ်ကို ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်။

တီးဝိုင်းခေါင်းဆောင် အဆိုတော် မက်ဂျက်ကာဆိုရင် အခု အသက် ၈၀ အရွယ်ရှိနေပြီး ဖြစ်ပါတယ်။ သူက ဒီအယ်လဘမ် မှာ သီချင်းအမိုက်စား တွေ ပါမယ်လို့ ဆိုပါတယ်။

ရိုးလင်းစတုန်းအဖွဲ့ကို ၁၉၆၂ခုနှစ်က လန်ဒန်မှာ စပြီး ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အစောဆုံး အဖွဲသားတွေက မက်ဂျက်ကာ (အဆိုတော်)၊ ချာလီ ဝတ်(ဒရမ်မာ) ၊ ရွန်နီ ဝုဒ်( ဘေ့စ်) နဲ့ ကိတ် ရစ်ချတ်( လိ့ဒ်) တို့ပဲဖြစ်ပါတယ်။

Ref: CNA

ပုံစာ ရိုးလင်းစတုန်းအဖွဲ့ ဖျော်ဖြေဟန်

Feature Image Credit: Washington Post

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *