
Photo Credit: Dia Dipasupil/Getty Images/AFP
စင်ကာပူ၊ ဖေဖေါ်ဝါရီ ၁၅
ဘီတီအက်စ်အဖွဲ့ ရက်ပါ ရှုးဂါး ရဲ့ ပထမဆုံးပွဲဦးထွက် တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကို အမေရိက နဲ့ အာရှက နိုင်ငံတွေမှာ ကျင်းပမှာဖြစ်ပြီး အာရှခရီးစဥ်ထဲက အစီအစဥ် တစ်ခုဖြစ်တဲ့ ဇွန်လ ၁၇ရက်၊၁၈ရက်တွေမှာတော့ စင်ကာပူက “Singapore Indoor Stadium”မှာ နှစ်ရက်တာ ကျင်းပမယ်လို့ အတည်ပြုထားတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။ဒါက သူ့ရဲ့ ကမ္ဘာ လှည့်ဖျော်ဖြေပွဲတွေရဲ့ အစ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုပါတယ်။
ဒီလို ကြေငြာလိုက်တာကြောင့် ရှုးဂါးဟာ တစ်ကိုယ်တော် ဖျော်ဖြေရေးကို စလုပ်တဲ့ ပထမဆုံး ဘီတီအက်စ် အဖွဲ့ဝင်တစ် ယောက် လည်း ဖြစ်လာခဲ့ပါတယ်။
ကြေငြာထားတဲ့ ပွဲစဥ်တွေ ကတော့ အမေရိကန်နိုင်ငံ နယူးယောက်၊ နယူးဂျာစီ၊ အီလီနွိုက်နဲ့ ကယ်လီဖိုးနီးယား တို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အမေရိက ခရီးစဥ်တွေ အပြီးမှာတော့ အာရှဘက်ကို လှည့်လာမှာ ဖြစ်ပြီး အင်ဒိုနီးရှားက ဂျာကာတာ၊ ထိုင်းနိုင်ငံ ဘန် ကောက်၊ကိုရီးယားက ဆိုးလ်တို့အပြီး စင်ကာပူ ခရီးစဥ်နဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မသေချာ သေးတဲ့ သတင်းအရ ခရီး စဥ်တွေထဲမှာ ဂျပန်လည်း ပါတယ်လို့ သတင်းထွက်နေပါသေးတယ်။
ဒီနေ့ အထိတော့ လက်မှတ်ရောင်းမယ့် အစီအစဥ် အသေးစိတ်ကို မသိရသေးဘူးလို့ သိရပါတယ်။
Ref: CAN