၂၀၂၄ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါ (mpox) ကိုကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေလို့ကြေငြာခဲ့တယ်။ ဒါဟာ ကျန်းမာရေးဆိုင်ရာ အမြင့်ဆုံးအဆင့်သတိပေးချက်လို့ ဆိုရမှာ ဖြစ်ပါတယ်
နောက်တစ်ရက် ဩဂုတ်လ ၁၅ရက် အရောက်မှာတော့ ဆွီဒင်က အာဖရိကအပြင်ဘက်မှာ Clade 1bလို့ခေါ်တဲ့ ပိုပြီး ကူးစက်မှုမြန်ပြီးပိုပြင်းထန်တဲ့ မျောက်ကျောက်ပိုးအသစ်ကူးစက်နေပြီလို့ ကြေငြာခဲ့တယ်။
ဒီ ပိုးအသစ်ကူးစက်ခံရတဲ့ လူနာရဲ့ ၃ဒသမ ၆ရာခိုင်နူန်းက သေကျေနိုင်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ခုနှစ် ဩဂုတ်လ ၂၂ရက် ကြာသပတေးနေ့ အရောက်မှာတော့ အာရှတိုက်အတွက် အလှည့်အပြောင်းတစ်ခု အနေနဲ့ အသေအပျောက် ပြင်းထန်တဲ့ ရောဂါပိုးသစ် Clade 1b ကို ထိုင်းနိုင်ငံမှာ စတွေ့ခဲ့ပါတယ်။
စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်တဲ့ အကြောင်း ကမ္ဘာက ဝိုင်းပြီး သတ်ပေးရတဲ့အခြေအနေထိ ဖြစ်လာခဲ့တယ်။
ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးဆောရွက်ချက်တွေက နေရာအနှံ့ရှိနေပြီ ဆိုပေမယ့်လည်း စိုးရိမ်ပူပန်ရမယ့် အခြေအနေကတော့ အမှန်ပါ။ ဒီလို အချိန်မှာ ကိုဗစ် ၁၉ တုန်းက သင်ခန်းစာတွေကို မမေ့ဖို့ လိုမှာပါ။
“ကပ်ရောဂါ” ဆိုတဲ့ ဝေါဟာရကို လူတွေက ပိုနားလည်နိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲအနေနဲ့ ကြေငြာချက်တွေမှာ သုံးတဲ့ အသုံးအနှုံးတွေ မရှုပ်ထွေးဖို့ လိုပါတယ်။
ဒီတော့ ကမ္ဘာကျန်းမာရေးအဖွဲက ထုတ်ပြန်လိုက်တဲ့ PHEIC အခြေအနေဆိုတဲ့ စကားလုံးက “ Public health emergency of international concern” ( ပြည်သူ့ကျန်းမာရေးအရေးပေါ် နိုင်ငံတကာ စိုးရိမ်စရာ) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုပေမယ့်ဒိ့ထက် ရှင်းလင်းထိရောက်တဲ့ စကားလုံးလည်း စဉ်းစားဖို့ လိုပါမယ်။
ပထမအကြိမ် mpox PHEIC ကို ၂၀၂၂နှစ် မေလက အာဖရိကအပြင်ဘက်ရောက်လာတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပထမဆုံးအစီရင်ခံခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့အနောက်နိုင်ငံတွေကို ရောက်လာပြီလို့ ကြေငြာခဲ့တယ်။ ဒီလို လနဲ့ချီနောက်ကျတဲ့ ကြေငြာချက်ကြောင့်အဝေဖန်ခံခဲ့ရတယ်။
အမှန်တော့ မျောက်ကျောက်က နိုင်ဂျီးရီးယားမှာ ၂၀၁၇ ခုနှစ်ကတည်းက ဆက်တိုက်ဖြစ်နေတာ ဖြစ်သလို အဲ့ဒိနောက်တော့ ဗိုင်းရပ်စ်မျိုးကွဲတွေက နိုင်ဂျီးရီးယားမှာ ကြီးထွားနေခဲ့တာပါ။
ဒီနေမှာတော့ မျောက်ကျောက်က စပြီး ကမ္ဘာပတ်နေပြီ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် ရောဂါပိုးအတွက် ကာကွယ်ဆေးကတော့ သုတေသနလုပ်တဲ့အဆင့်ကို ကျော်ပြီး ထုတ်လုပ်တဲ့ အဆင်ကို ရောက်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲရဲ့ကြေငြာချက်အရကတော့ ဒုတိယမျိုးဆက်မျောက်ကျောက်ကာကွယ်ဆေးကို တီထွင်နေတဲ့ ဒိန်းမတ်နိုင်ငံက Bavarian Nordic ကုမ္ပဏီဟာ ၂၀၂၅ခုနှစ်အရောက်မှာ ကာကွယ်ဆေးထိုး ၁၀သန်း အထိထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီပမာဏက လုံလောက်တဲ့ပမာဏနဲ့ အတော် အလှမ်းကွာနေပါသေးတယ်။
ကာကွယ်ဆေးကို ရလာနိုင်ပေမယ့် ကုသဖိုရာကတော့ ဆေးဝါးကျွမ်းကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေက နည်းလမ်းအစုံ ကြံဆနေဆဲပါ။ အားလုံးသတိကြီးကြီးနဲ့ နေရမှာပါ။
အခု အသက်ရှင်နေတဲ့ သူတွေအားလုံး ကိုဗစ်လက်က လွတ်လာခဲ့တဲ့သူတွေမို့ ကပ်ရောဂါအတွေအကြုံက ရှိနေပြီလို့ ဆိုရမှာပါ။ ဒီတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေ အချင်းချင်းမျှဝေပါ။လိုက်နာပါ။ အချင်းချင်းရိုင်းပင်းပါ။ လတ်တလောမှာတော့ ဒီလိုနည်းနဲပဲ ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။
( CNA က ၂၀၂၄ ဩဂုတ် ၂၄ရက်မှာ ဖော်ပြထားတဲ့ “Global mpox emergency – the world must show it learnt its lessons from COVID-19” ဆောင်းပါးပါ အချက်အလက်တွေကို မှီငြမ်းရယူထားပါတယ်။)
Photo Credit: NBC



