ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) ကျောင်းဝင်းအတွင်းရှိ အဆောက်အဦ ၄လွှာကနေ ကျောင်းသားတစ်ယောက် ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဇွန်လ ၂၈ရက် မနက်၁၀နာရီ၄၅မိနစ်က ဖြစ်ပွားခဲ့ပါတယ်။
ပြုတ်ကျသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုတော့ မသိ ရသေးဘဲပြုတ်ကျသေဆုံးသွားခဲ့တဲ့ကျောင်း သားရဲ့ရုပ်အလောင်းကိုတော့ Myanmar Ambulance Network (မြန်မာနိုင်ငံလုံး ဆိုင်ရာအရေးပေါ်အခမဲ့ လူနာတင်ယာဉ် များကွန်ယက်)အသင်းခွဲ ကံကော်မြေ လူမှုကူညီရေးအသင်းက မော်တော် ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံ ကို ပို့ဆာင်ပေးခဲ့တယ်လို့လည်း သိရပါ တယ်။

Visited 11 times, 1 visit(s) today



