ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်းအနီးရေပြင်ထဲ သက်ကြီးပိုင်းအမျိုးသားအလောင်း ယနေ့တွေ့ရှိ

ရန်ကုန်တိုင်း၊ ကန်တော်ကြီး၊ ပန်းကန် လုံးကျွန်းရှင်ဥပ္ပဂုတ ကျောင်းဆောင်တံတားအောက်တွင် သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့ကြောင်း Ambulance Free Service Group က သိရသည်။

ဇူလိုင်လ ၂၀ရက် နံနက် ၇နာရီ ၄၅မိနစ်တွင် ကန်တော်ကြီး ပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတ ကျောင်းဆောင်တံတားအောက်တွင်မှောက်လျက် အသက် (၅၀) ခန့်အမျိုးသားအလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ပန်းခြံလမ်းလျောက်သူများနဲ့ ပန်းဥယဉ်မှလုပ်သားဝန်ထမ်းများသတင်းပို့လာတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေဖြစ်တဲ့ ဗဟန်းနဲ့ မဂ်လာတောင်ညွန့်တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးကြတယ်။ သေဆုံးတဲ့အကြောင်းအရင်းကို မသိရသေး”ဟု ယင်းအသင်းကသိရသည်။

ယင်းဖြစ်စဥ်နေရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ် လူမှု့ကူညီကယ်ဆယ်ရေးကွန်ယက် မှ အသင်းများဖြစ်သော ဒီဃာယုက အသင်း၊သပြေကုန်းအသင်း၊ကျီတော်အသင်းများ၊ အဖြူရောင်ကမ်းလက် ဗိုလ်တစ်ထောင် မှ DB တင်ယာဉ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များဖြစ်သော ဗဟန်းနှင့် တ/ည တပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ YGH သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *