ကန့်သတ်ချက်တွေကို ဖြေလျှောပေးခဲ့တာကြောင့် တရုတ်နိုင်ငံမြို့ကြီးတွေက အိမ်ခြံမြေရှယ်ယာတွေ ခုန်တက်

ဟောင်ကောင်၊ စက်တင်ဘာ ၃၀

တရုတ်အစိုးရရဲ့ ပေါ်လစ်ဗျူရိုက အိမ်ရာဈေးကွက်ကျဆင်းနေတဲ့ အကျပ်အတည်းကို ရပ်တန့်အောင်လုပ်ပေးဖို့  ကတိပြုပြီး မကြာခင်မှာပဲ  ပထမတန်းအဆင့် မြို့ကြီးတွေရဲ့ အိမ်ဝယ်ယူမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်တာမို့ တနင်္လာနေ့ (စက်တင်ဘာ ၃၀) အရောက်မှာတော့  တရုတ်အိမ်ခြံမြေလုပ်ငန်းတွေရဲ့ ရှယ်ယာတွေ ရုတ်ချည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဟောင်ကောင်က  Hang Seng ပြည်မကြီးအိမ်ခြံမြေအညွှန်းကိန်းမှာဆို ၁၀ ရာခိုင်နှုန်းကျော် ခုန်တက်သွားပြီး ပြည်မကြီးရဲ့  CSI 300 အိမ်ခြံမြေအညွှန်းကိန်းမှာတော့  ၉ ရာခိုင်နှုန်းနည်းပါးအထိကိုမြင့် တက်လာခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံတော်ဗဟိုဘဏ်ဟာ  ကပ်ရောဂါဖြစ်ပွားပြီးတဲ့နောက် ဒီလို ဖြေလျှောမှုက အကြီးမားဆုံး လှုံ့ဆော်မှုတစ်ခုအနေနဲ့ အောင်မြင်ခဲ့တယ်လို့ တရုတ်အိမ်ခြံမြေလောကသားတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၂:၁၂ နာရီမှာ ရှန်ကျန်းအခြေစိုက် Kaisa Group နဲ့  Fantasia တို့ဆိုရင် ၄၅ရာခိုင်နှုန်း၊၃၂  ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး မြင့်တက်ခဲ့ပြီး ကွမ်ကျိုး အခြေစိုက် R&F Properties ကတော့ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရှန်ကျန်းက Vanke ရှယ်ယာတွေလည်း  ၉ ဒသမ ၅ ရာခိုင်နှုန်း တက်လာပြီး ရှန်ဟိုင်းစာရင်းဝင် Greelandက  ၁၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အသီးသီးဖော်ပြထားကြပါတယ်။

Ref: REUTERS

ပုံစာ။ ကွမ်ကျိုးမြို့က အိမ်ရာ အဆောက်အဦးတွေကို တွေ့ရပုံ

Feature Image credit: Reuters

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *