ကန့်ဘလူမြို့နယ်မှာ လမ်းဘေးထောင် ထားခဲ့တဲ့ မိုင်းနင်းမိပြီး ကလေးတစ်ဦး အပါအဝင်အမျိုးသမီးသုံးဦးထိခိုက်ဒဏ် ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအနောက်ဘက် နှစ် မိုင်ခန့် အကွာနေရာမှာ သြဂုတ်လ၁၁ရက် နေ့လယ်၁၂နာရီခန့်က လမ်းဘေးထောင် ထားခဲ့တဲ့ မိုင်းကို တက်နင်းမိခဲ့ပြီး ပေါက် ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦး အ ပါအဝင် အမျိုးသမီး၃ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၁၁ရက်နေ့လယ် ၁၂နာရီခန့်က ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ ထွက်ခွာလာတဲ့ “ဝင်းမေတ္တာ” ခရီးသည် ယာဉ်တစ်စီးဟာ ခရီးသည်အချို့ အပေါ့ သွားဖို့အတွက် ခေတ္တရပ်နားပေးခဲ့ရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် သုံးဦးဟာ ကားလမ်းဘေးအပေါ့စွန့် သွား ရင်း လမ်းဘေးထောင်ထားခဲ့မိုင်းကို

တက်နင်းမိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခရီးသည်များဖြစ်ကြတဲ့ စစ်ကိုင်းမြို့နယ်၊ ရေတွင်းခေါင်းကျေးရွာမှာနေထိုင်တဲ့ အ သက် ၃၅ နှစ်အရွယ် အမျိုးသမီး၊ ကော လင်းမြို့နယ်၊ ဆပ်သွားချောင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနဲ့ ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ အသက် ၈ နှစ်အရွယ်အမျိုးသမီးငယ်တို့ မှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ ပြီး မော်တော်ယာဉ်ယာဖက်ခြမ်းမှန် တစ်ချပ် ကွဲအက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Photo- PAN

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *