ကနေဒါမီးသတ်သမား မာကုစ်ပူကိုနင် စက် တပ်ယာဉ် မစီးဘဲ ကီလိုမီတာ ၈၀၀၀၀ခန့် ခရီးနှင်ခဲ့

ကနေဒါနိုင်ငံက မီးသတ်သမားမာကုစ်ပူ ကိုနင်ဟာ စက်တပ်ယာဉ်မစီးဘဲ ကမ္ဘာ ပတ်ပြီး ကီလိုမီတာ ၈၀၀၀၀ခန့် ခရီးနှင်ခဲ့ရာ ကနေ မကြာမီမှာ သူ့ဇာတိမြို့ဖြစ်တဲ့ တိုရွန်တို ကိုပြန်ရောက်လာတော့မယ်လို့ဆိုတယ်။ ဘယ်လေယာဉ် ဘယ်မီးရထား ဘယ် ကားမှ မစီးဘဲ အဲဒီလိုခရီးနှင်ခဲ့တာဟာ ကမ္ဘာ့ အနာဂတ်ထိန်းသိမ်းရေး လှုပ် ရှားမှုကို အားပေးထောက်ခံချင်လို့ ဖြစ် တဲ့အကြောင်း ပူကိုနင်က ရှင်းလင်းပြော ပြတယ်။

သွေးကင်ဆာဖြစ်နေတဲ့ ဖခင်နဲ့ ကနေဒါမှာ လောင်နေတဲ့တောမီးတွေကို ကျောခိုင်းပြီး ဒီခရီးကို ထွက်ခွါခဲ့တဲ့အတွက် နောင်တရ ခြင်းမရှိခဲ့ဘူးလို့သူကရှင်းပြတယ်။

၅လထက်မနည်း ကိုယ်ကာယ ကြံ့ခိုင်သန် စွမ်းအောင် လေ့ကျင့်ပြီးမှ ၂၀၁၅ခုနှစ် ဇူလိုင် ၁၃ရက်မှာ တိုရွန်တိုမြို့မှာရှိတဲ့ သူအိမ်အဟောင်းကနေ အွန်တယ်ရီယိုအိုင် ကြီးရှိရာကို သူလမ်းလျှောက်ပြီးသွားခဲ့တာ ခရီးစဉ်ရဲ့အစဖြစ်တယ်။

ပူကိုနင်ဟာ ကနေဒါမြက်ခင်းပြင်ကျယ်ကြီး တွေကို တရွေ့ရွေ့ဖြတ်သွားပြီး ဗြိတိသျှကို လမ်ဘီယာကိုရောက် အဲဒီကနေ အမေရကန် ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်ကို ရောက် ပြီးတော့ ဟာဝိုင်ယီကျွန်းကို ရွက်လွှင့် နောက် မကာအို ဗီယက်နမ် အင်ဒိုနီးရှားအထိ ခရီးဆန့်ခဲ့တာဖြစ်တယ်။

Ref: CNN

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *