ပစ်ခတ်သူဟာ အမျိုးသမီးလို့ ရဲတပ်ဖွဲက ယူဆနေ
အော့တဝါ၊ စက်တင်ဘာ ၄
ကနေဒါနိုင်ငံ အော့တဝါမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်တစ်ခုရဲ့ အပြင်ဘက်မှာ စနေနေ့ညက ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ပြီး လူ နှစ်ယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဟာ ဒေသအချိန် ည ၁၀ နာရီ ၃၀ မိနစ်လောက်က ဖြစ်ခဲ့တယ်လို့ အော့တဝါ ရဲဌာနက သတင်းထုတ် ပြန်ခဲ့ပါတယ်။
ပစ်ခတ်မှုမှာ သေဆုံး၊ ထိခိုက်ခဲ့တဲ့ သူတွေဟာ ဂစ်ဖို့ဒ် ဒရိုက်ဖ်က ကွန်ဗင်းရှင်းစင်တာတစ်ခုမှာ မင်္ဂလာပွဲတက် ရောက်ခဲ့ပြီး စင်တာ အနားမှာပဲ ပစ်ခတ်ခံခဲ့ရတာ လို့ ရဲတပ်ဖွဲကပြောပါတယ်။
သေဆုံးသူနှစ်ယောက်က အသက်၂၆ နှစ်အရွယ် ဆက်ဒ် မိုဟာမက် အလီ နဲ့ ၂၉နှစ်အရွယ် အဗ္ဗဒီရှာကာ အဗ္ဗဒီ ဒါဟဲ တို့ ဖြစ်ပြီး နှစ်ယောက်လုံး တိုရွန်တို မြို့ကလို့ သိရပါတယ်။ လက်ရှိမှာတော့ အော့တဝါနာစုံစမ်းရေးဌာနက အမှုကို စပြီး စုံစမ်း နေတယ်လို့ ဆိုပါတယ်။
“စုံစမ်းစစ်ဆေးရေး ရှုထောင့်အားလုံးကို စူးစမ်းနေပါတယ်။ ဒီအဆင့်မှာ ဒါဟာ အမုန်းပွားစေတဲ့ ပစ်ခတ်မှုလို့ ဆိုနိုင်တဲ့ အရိပ် အယောင် မရှိပါဘူး” လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားခံကိုတော့ အခုချိန်ထိ ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ ရဲတပ်ဖွဲက ပြောဆိုထားသလို အမှုအတွက် အထောက်အကူရဖို့ မျက်မြင်သက်သေတွေ လာရောက်ထွက်ဆိုပေးဖို့လည်း ရဲတွေက တိုက်တွန်းထားပါတယ်။
စုံစမ်းစစ်ဆေးသူတွေကတော့ ပစ်ခတ်ခဲ့သူဟာ အမျိုးသမီးတစ်ယောက်လို့ ယူဆနေပြီး “အခင်းဖြစ်ပွားချိန်မှာ ရှိနေသူတွေ၊မင်္ဂလာပွဲကို လာတဲ့သူတွေအပါအဝင် လုံခြုံရေး ကင်မရာတွေကိုလည်း အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာအညွှန်း။ အခင်းဖြစ်နေရာမှာ စစ်ဆေးနေတဲ့ ရဲ့တပ်ဖွဲဝင်များ
Feature Image Credit: Toronto Star