ဂျာကာတာ၊ ဖေဖေါ်ဝါရီ ၁၅
၂၀၁၄ခုနှစ် အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းတွေကို ဖေဖေါ်ဝါရီ ၁၄ရက်နေ့က ကနဦးရေတွက်ရာမှာ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုနဲ့ သူ့ရဲ့ အရွေးခံဖော်ဖြစ်တဲ့ မစ္စတာ ဂီဘရန် တို့က တစ်နိုင်ငံလုံးရဲ့ မဲ ၆၀ရာခိုင်နူန်းလောက်ရထားတယ်လို့ ဂျာကာတာက သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
နောက်ဆုံးအဆင့် ထပ်မံရေတွက်ချိန်မှာတော့ ပရာဘိုဝိုနဲ့ ဂီဘရန်တို့ အတွဲဟာ ဆန္ဒမဲ့ ၅၀ရာခိုင်နူန်း အထက်ရတာ သေချာခဲ့ပြီ ဆိုရင်တော့ လာမယ့် အောက်တိုဘာမှာ ရာထူးလက်ခံရတော့မှာ ဖြစ်ပါတယ်။
တရားဝင်ရလဒ်က နောက်လ မတ်လအထိ ထွက်မလာနိုင် သေးပေမယ့် ခိုင်မာတဲ့ဖြစ်နိုင်ခြေကတော့ အင်ဒိုနီးရှားသမ္မတရာထူးကို သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့တဲ့ ဂျိုကို ဝီဒိုဒို ရဲ့သား ဖြစ်တဲ့ မစ္စတာ ဂီဘရန်ကပဲ ဖခင်နေရာ ဆက်ခံသူ ဖြစ်လာမလား မစ္စတာ ပရာဘိုဝိုကပဲ သမ္မတ ဖြစ်လာမလားဆိုတာ စစ်တမ်းအရ ပြောရမယ် ဆိုရင်တော့ ပရာဘိုဝို ဘက်က ပို အခွင့်အလမ်းသာတယ်လို ခန့်မှန်းနေကြပါတယ်။
သေချာမှု တစ်ခုက မဲဆွယ်ကာလ တစ်လျှောက် မစ္စတာ ပရာဘိုဝို နဲ့ မစ္စတာ ဂီဘရန်တို့ဟာ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို ချမှတ်ခဲ့တဲ့ နိုင်ငံရေး အုတ်မြစ်ကို အစဉ်တစ်စိုက် လိုက်နာဖို့ ကတိတွေ ပြုခဲ့ကြတာမို့ လာမယ့် သမ္မတ အသစ်ကိုလည်း “Jokowi 3.0” တတိယ ဂျိုကိုဝီ ဆိုတဲ့ စကားလုံးဟာ အင်ဒိုနီးရှား နိုင်ငံထဲမှာ လတ်တလော လူပြောအများဆုံး စကားလုံးတစ်ခု ဖြစ်နေတာကလည်း အရေးပါတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။
ဆိုလိုတာက သမ္မတ ဂျိုကိုဝီရဲ့ သြဇာလွှမ်းမိုးမှုဟာ သူ့ရဲ့အကြီးဆုံးသားဖြစ်တဲ့ မစ္စတာ ဂီဘရန် ကတစ်ဆင့် မစ္စတာ ပရာဘိုဝိုရဲ့ အုပ်ချုပ်ရေးမှာ ဆက်ပြီး တွဲပါနေမယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အဆုံးအဖြတ်ကာလမှာ မဲ့နိုင်ခဲ့ရင် မစ္စတာ ပရာဘိုဝိုက သမ္မတရာထူးကို ယူပြီး မစ္စတာ ဂီဘရန်ကတော့ ဒုတိယသမ္မတ ဖြစ်လာဖို့ ရှိပါတယ်။ ဒီလိုမျိုး ဒုတိယနေရာမှာ ရှိနေပေမယ့်လည်း ဒု သမ္မတအခန်းကဏ္ဍက မူဝါဒဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အဓိကကျမှာမို့ ရာထူးက ဖယ်ပေးလိုက်ရတော့မှာ ဖြစ်ပေမယ့် သမ္မတဟောင်း မစ္စတာ ဂျိကို ဝီဒိုဒိုရဲ့ ဩဇာက ဆက်ပြီး ကြီးထွားနေဦးမယ်လို့ နိုင်ငံရေးအကဲခတ်တွေက တွက်ဆ နေတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ မစ္စတာပရာဘိုဝို နဲ့ မစ္စတာဂီဘရန်တို့ကို တွေ့ရပုံ
Feature Image Credit: CNBC



