- ဘယ်အဖွဲ့ကဘာကြောင့်သတ်သွားရတာလဲ ဆိုတာမသိရသေး

ဓါတ်ပုံ။ CJ
ပဲခူး၊ ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့၊ကွင်းနောက်(၁)ရပ်ကွက်၊ တောင်ဂုံးတဲ ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်း ဟောင်း ဘေး၊မိုင်တိုင်အမှတ် ၁၁၄ /၁ဖာလုံအနီး မှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က တာဝန်ထမ်း ဆောင် နေတဲ့ လျှပ်စစ်ဝန် ထမ်းအရာရှိတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီ က သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကညွတ်ကွင်းမြို့၊ ကွင်းနောက် (၁)ရပ်ကွက်၊ တောင်ဂုံးတဲကျေးရွာ၊ ရန် ကုန်မန္တလေးလမ်းဟောင်းဘေး၊မိုင်တိုင်အမှတ် ၁၁၄ /၁ဖာလုံအနီးမှာ ဆိုင်ကယ် စီးဦးထုပ်ဆောင်းပြီး အမျိုးသားတစ် ယောက် လဲကျသေဆုံးနေတယ်လို့ သတင်းရရှိတာ ကြောင့် တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ လဲကျသေ ဆုံးနေသူမှာဦးကျော်စံလင်း၊ (၅၂)နှစ်၊ကညွတ် ကွင်း မြို့လျှပ်စစ်မှူး ဖြစ်ပြီး ရင်ညွန့် ကျည် ဖောက်ဝင်ဒဏ်ရာ(၃)ချက်၊မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ထိမှန်ပြီး လမ်းဘေးမှာ လဲကျသေဆုံးနေပြီး အခင်းဖြစ်နေရာအနီးမှာ LUGER တံဆိပ်ပါ ကျည်ခွံ(၃) ခုကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။