ကင်ညာနိုင်ငံမှာ လူနဲ့တောရိုင်းတိရိစ္ဆာန်ကြား ပဋိပက္ခ ပိုဆိုးလာ ခြင်္သေ့တွေနဲ့ ပြဿနာပိုကြီး

ခြင်္သေ့ရန် ကာကွယ်ရေး ဆွေးနွေးနေကြပုံ
Photo Credit: Kenya Wildlife Service

ကင်ညာ၊ စက်တင်ဘာ ၁၈

အာဖရိက နိုင်ငံတစ်ခု ဖြစ်တဲ့ ကင်ညာနိုင်ငံတောင်ပိုင်းဒေသမှာ အခုနှစ်တွေထဲ လူနဲ့ တောရိုင်းတိရိစ္ဆာန်ကြားက ပဋိပက္ခ တွေက ပိုဆိုးလာနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ ခြင်္သေ့တွေနဲ့က ပိုပြီး ရင်ဆိုင်နေတယ်လို့ လည်း သိရပါတယ်။

ကင်ညာတောရိုင်းတိရစ္ဆာန်ဝန်ဆောင်မှုအဖွဲ့ (KWS) ရဲ့ အဆိုအရ ပြီးခဲ့တဲ့  စက်တင်ဘာ သီတင်းပတ် တစ်ခုထဲမှာ တင် ကင်ညာတောင်ပိုင်းဒေသ တစ်ခုမှာ ခြင်္သေ့ ၁၀ ကောင်အထိ ပစ်ခတ်သတ်ဖြတ်ပြီး ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ “ပုံမှန်အနေအထား အပြုအမူ မဟုတ်တဲ့  ခြင်္သေ့တွေ အတော်များလာတယ်” လို့ KWS ရဲ့ ပြောရေးဆို ခွင့်ရှိသူက CNN ကို  ပြောပါတယ်။

တောရိုင်းတိရစ္ဆာန်တွေဟာ အမဲလိုက်ဖို့ ပိုခက်ခဲလာလို့ ရွာထဲမှာ မွေးထားတဲ့ အကောင်တွေကို လာဆွဲနေပြီမို့ အားလုံး သတိထားနေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်ညာနိုင်ငံရဲ့ မိုးခေါင်ရေရှားမှု ပြသနာက နှစ်ပေါင်း ၄၀ အတွင်းမှာ ၂၀၂၂-၂၃ ကာလဟာ အဆိုးဆုံးကြုံရတဲ့ နှစ်တွေလို့ဆိုပါတယ်။ ဒါကလည်းလူ-ခြင်္သေ့ပဋိပက္ခ တိုးလာရတဲ့ အဓိက အချက် တစ်ခုလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်တွေကပဲ   ခြင်္သေ့တစ်အုပ်က ရွာထဲက ဆိတ် ၁၁ ကောင်နဲ့ ခွေးတစ်ကောင်ကို ဝင်ဆွဲ သွားသေးတယ်လို့ KWS က  သတင်းထုတ်ပြန်ပါတယ်။

တကယ်တော့ ကင်ညာနိုင်ငံဟာ သဘာဝခရီးသွားလုပ်ငန်းမှာ နေရာ အခိုင်အမာ ရထားတဲ့ နိုင်ငံဖြစ်တာမို့ ဒီတိရစ္ဆာန်တွေ ကလည်း အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်နေပြန်ပါတယ်။ အခုတော့ ဘယ်လို့ ထိန်းသိမ်းကာကွယ်ရမယ်ဆိုတာတွေ သေသေချာချာ လုပ်ဖို့လိုနေပြီပဲ ဖြစ်ပါတယ်။

Ref:CNN

ပုံစာအညွှန်း။ ရွာထဲ ဝင်လာတဲ့  ခြင်္သေ့တစ်ကောင်ကို ပစ်ခတ်ရှင်းလင်းနေပုံ

Feature Image Credit: CNN

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *