ကင်ဂျုံအွန်း ကိုယ်တိုင်ကြီးကြပ်ပြီးနျူကလီးယား ရေအောက်ဒရုန်းကို စမ်းသပ်

ခေါင်းဆောင် ကင် ကိုယ်တိုင် ကြီးကြပ်နေပုံကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင်ပြနေစဉ်
photo Credit: KCNA

ပြုံယမ်း၊မတ် ၂၄

ရေဒီယိုသတ္တိကြွဆူနာမီလှိုင်းတွေကို ထုတ်လွှင့်ပြီး အမေရိကန်ကမ်းရိုးတန်းတွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ လေသံပစ် ထား တဲ့ နျူကလီးယားရေအောက်ဒရုန်းကို မြောက်ကိုရီးယားခေါင်းဆောင်ကိုယ်တိုင်တိုက်ရိုက်ကွပ်ကဲ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံ ပိုင် သတင်းဌာန KCNA က ဒီနေ့ မတ် ၂၄ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

“လျှို့ဝှက်လက်နက်” လို့ နာမည်တပ်ထားတဲ့ အဲ့ဒိဒရုန်းကို တောင်ပိုင်း ဟန်ဂရုမမ်းက ရေပြင်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မတ် ၂၁ရက် က စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

စမ်းသပ်ပစ်လွတ်လိုက်တဲ့ ရေအောက်ဒရုန်းဟာ ရေအောက်အနက် မီတာ၈၀ ကနေ ၁၅၀ မီတာကြားမှာ  ၅၉ နာရီကျော်ကြာ ပျံသန်းခဲ့ပြီး နိုင်ငံရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာ ပေါက်ကွဲခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီစမ်းသပ်မှုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြီးစီးသွားတဲ့ အမေရိကန်နဲ့  တောင်ကိုရီးယားတို့ရဲ့ ငါးနှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု နဲ့ အချိန်ကိုက်ပြီး လုပ်ဆောင်တာလို့လည်း သတင်းမီဒီယာတွေက ကောက်ချက်ချပြောဆိုနေ တာ တွေလည်း တွေ့ရပါတယ်။

ဟေလီ( Haeli) လို့ နာမည်ပေးထားတဲ့  မြောက်ကိုရီးယားဒရုန်းဟာ ရန်သူ့သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို တိုက်ခိုက်နိုင်ဖို့ အဆင့်မြင့်  ရေဒီယိုသတ္တိကြွလှိုင်းတွေ ထုတ်လွှင့်နိုင်အောင် တပ်ဆင်ထားတဲ့ အကြောင်း  KCNA က ပြောပါတယ်။ အဲဒိ နျူကလီးယားရေအောက် တိုက်ခိုက်ရေးဒရုန်းကို ကမ်းရိုးတန်းနဲ့ ဆိပ်ကမ်းတွေမှာ တပ်စွဲထားနိုင်သလို စစ်ဆင်ရေးအတွက် မြေပြင်သင်္ဘောနဲ့ ဆွဲချိတ်အသုံးပြုနိုင်တယ်” လို့လည်း ပြောပါတယ်။

အခု စမ်းသပ်ခဲ့တဲ့မြောက်ကိုရီးယားရဲ့ ရေအောက်ဒရုန်း ဟာ  ရုရှားရဲ့ နာမည်ကြီး ရေအောက်သုံး နောက်ဆုံးပေါ် “ပစ်ဆိုက် ဒန်” (Poseidon)  တော်ပီဒိုတွေကို တုပထားပုံရတယ်လို့ လက်နက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ရုရှား “ပစ်ဆိုက် ဒန်”တော်ပီတိုတွေဟာ ဖျက်အားပြင်းတဲ့နျူကလီးယား လက်နက်တစ်မျိုးဖြစ်ပြီး  ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ပြီး ပစ်ခတ်ရတဲ့ လက်နက်ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

Your email address will not be published. Required fields are marked *