ကင်ဂျုံအွန်သမီး မြောက်ကိုရီးယား အားကစားပွဲမှာ ထပ်ပေါ်လာ နိုင်ငံပိုင်မီဒီယာက ဖော်ပြ

အားကစားပွဲမှာ အားပေးနေတဲ့ ကင်ဂျုံအွန့်ရဲ့ သမီး
Photo Credit: Reuters

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၇

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နဲ့ သူ့သမီးတို့ အစိုးရအရာရှိတွေ တက်ရောက်တဲ့ အားကစားပွဲကို သောကြာနေ့ (ဖေဖော်ဝါရီ ၁၇) ရက်က လာအားပေးသွားတယ်လို့  နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြလိုက်ပါတယ်။ အခုလို ပွဲတက်လာတာ ဟာ ကင်းဂျုံအွန် သမီး ကို  စစ်ဘက်မဟုတ်တဲ့ ပြင်ပ အခမ်းအနားတစ်ခုမှာ ပထမဆုံးအကြိမ် မြင်တွေ့ ရတာဖြစ်တယ်လို့ အကဲခတ်သူတွေက သုံးသပ်ဖော်ပြကြပါတယ်။

နိုင်ငံပိုင်မီဒီယာက မကြာခဏ ” ကင့်ရဲ့ချစ်ရတဲ့ ကလေး” လို့ တစ်မျိုး  “လေးစားရတဲ့ကလေး” အစရှိသလို တစ်မျိုး ဖော်ပြပေး တတ်သလို  အခုလ အစောပိုင်းတုန်းကလည်း  စစ်ရေးပြအခမ်းအနားတွေမှာ ဖခင်ကင်နဲ့အတူ ပွဲတက်ခဲ့တဲ့ ပုံတွေကို အသားပေးဖော်ပြခဲ့ပါသေးတယ်။

တကယ်တမ်းမှာ အဲ့ဒီမိန်းကလေးအကြောင်း အချက်အလက်တွေကိုတော့ သူနိုင်ငံထဲမှာတောင် လူသိနည်းပြီး နိုင်ငံပိုင် မီဒီယာတွေမှာလည်း ဖော်ပြလေ့ မရှိဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားထောက်လှမ်းရေးတွေဘက်ကတော့ အဲ့ဒိမိန်းကလေးဟာ ကင်ဂျံအွန်ရဲ့ သမီး ဖြစ်တဲ့ ဂျူအေ ဆိုတာ အမှန်ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သြဇာကြီးမားတဲ့  ညီမဖြစ်သူ ကင်ယိုဂျုံကတော့ အခမ်းနားနေ့က ကင်တို့ သားအဖရဲ့ အနောက်တန်းမှာ ထိုင်နေရတာကို နိုင်ငံပိုင် KCNA မီဒီယာက ထုတ်ပြန်တဲ့ ဓာတ်ပုံမှာ မြင်တွေ့ကြရတယ်လို့လည်း သိရ ပါတယ်။

Ref: CNA

Leave a Reply

Your email address will not be published. Required fields are marked *