ကချင်ပြည်နယ် လုံးခင်းရွာက လင်ခရူဆာကားတစ်စီးပေါ်မှာ ဓါးဒဏ်ရာများနဲ့သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊လုံးခင်းကျေးရွာအုပ်စု၊မလန်းကျေးရွာအနီးက လမ်းပေါ် ရပ်နားထားတဲ့ လင်ခရူဆာကားတစ်စီးပေါ်မှာ ဓါးဒဏ်ရာများနဲ့သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရုပ်အ လောင်းကို ဇန်နဝါရီလ၂၅ရက်မနက်၉နာ ရီခန့်က တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ကြည့်ရတဲ့ ပုံအရကတော့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက် တစ်ခုခုကြောင့် အသတ်ခံလိုက်ရတာနေမှာ သေနေတဲ့သူရဲ့ကား ပေါ်မှာတင် အသတ်ခံထားရတာဆိုတော့ သေသူနဲ့သတ်သူက ဆက်စပ်ပတ်သက်နေလောက်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ သေဆုံးနေသူမှာ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာနေထိုင်သူ အ သက်၃၀နှစ်အရွယ်ရှိ ကိုမျိုးဟန်ဆိုသူဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *